ဒေါ်အောင်ဆန်းစုကြည် သတင်းပါဝင်သော ဂျာနယ်များ အရောင်းသွက်

E-mail Print
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံသည့် သတင်းနှင့် ဓာတ်ပုံ ပါဝင်သော ယနေ့ထုတ် သတင်းဂျာနယ်များ အရောင်းသွက်နေသည်။

ယနေ့ ထုတ်ဝေဖြန့်ချိသော မြန်မာတိုင်း(မ်) နှင့် Bi Weekly သတင်းဂျာနယ်တို့တွင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် ဦးဆောင်သည့် အဖွဲ့ မြန်မာပြည်သို့ လာရောက်ပြီး စစ်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးသမား အများအပြားကို တွေ့ဆုံသည့် သတင်း ဖော်ပြထားသည်။

“ဂျာနယ် ကိုင်ကြည့်တဲ့ သူတိုင်းက ဒေါ်အောင်ဆန်းစုကြည်ပုံကိုလည်း တွေ့ရော ပြန်မချတော့ဘဲ ၀ယ်သွားကြတယ်၊ ဒီမနက်ပိုင်းတင်ပဲ  ဆိုင်လာချတဲ့ မြန်မာတိုင်းမ် ကုန်ပြီ။ Bi Weekly ကလည်း ၃ စောင် လောက်ပဲ ကျန်တော့တယ်” ဟု  တာမွေမြို့နယ်ရှိ ဂျာနယ် အရောင်းဆိုင်ကြီး တခု၏ ပိုင်ရှင်က တက်ကြွ ရွှင်လန်းစွာ ပြောသည်။

စာဖတ်သူများက ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ နှင့် သတင်း ပါဝင်သော ဂျာနယ်များကို “အသည်းအသန်” ၀ယ်ယူနေကြသည်ဟု ဂျာနယ်အရောင်းဆိုင်တခုက ဆိုသည်။

“မြန်မာတိုင်း(မ်)ကတော့ လုံးဝကို ဆိုင်မှာ ပြတ်ထွက်သွားတယ်၊ Bi Weeklyလည်း ၁ စောင်ပဲ ကျန်တော့တယ်၊ Bi Weekly အချပ်ပိုမှာ ဒေါ်အောင်ဆန်းစုကြည်ပုံ ပါတာ ဆိုတော့ အဲဒီပုံကိုပဲ မိတ္တူကူးပြီး ၀ယ်တဲ့သူတွေလည်း ရှိတယ်” ဟု လှည်းတန်းဈေး အနီးရှိ ဂျာနယ် အရောင်းဆိုင်မှ ၀န်ထမ်းတဦးက ပြောပြသည်။

ရန်ကုန်တွင်သာမဟုတ် မန္တလေးမြို့တွင်လည်း အဆိုပါ ဂျာနယ်များ ရောင်းကောင်းနေကြောင်း အထက်မြန်မာပြည် စာနယ်ဇင်း ဖြန့်ချိရေး လုပ်ငန်းတခု ဖြစ်သည့် နဂါးစာပေမှ အရောင်းဝန်ထမ်း တဦးက ပြောသည်။

နှစ်ပေါင်းများစွာ နိုင်ငံရေး အခြေအနေ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေသော မြန်မာနိုင်ငံတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းကို လူအများက လွန်စွာ စိတ်ဝင်တစား ဖြစ်နေကြသည်။

ယမန်နေ့က မြန်မာ့ ရုပ်မြင်သံကြား အထူးသတင်းတွင် ဒေါ်အောင်ဆန်းစုကြည်ပုံ ပါဝင်သဖြင့် ည ၈ နာရီသတင်းအစီအစဉ်ကို မလွတ်တမ်း စောင့်ကြည့်ခဲ့သည်ဟု ရန်ကုန် မြို့ခံတဦးက ဆိုသည်။

“မနေ့ညက သတင်းမှာ ပါနိုင်တယ် ဆိုပြီး သတင်း ထိုင်စောင့်ကြည့်တာ၊ ဗိုလ်ချုပ်မှူးကြီးရဲ့ သတင်းက အကြာကြီး လာပြီးမှ ဒေါ်အောင်ဆန်းစုကြည်ကို စက္ကန့်ပိုင်းပဲ ဖြတ်ခနဲ ကြည့်လိုက်ရတယ်။ ဒေါ်အောင်ဆန်းစုကြည်က အရမ်း ကျက်သရေ ရှိတယ်၊ ထိုင်စောင့်ကြည့်ရကျိုး နပ်တယ်လို့ ပြောရမှာပဲ“ ဟု ၎င်းက ပြောသည်။

ဤသတင်းကို အထူး စိတ်ဝင်စားသူများထဲတွင် နိုင်ငံရေးလှုပ်ရှားမှုများနှင့် ပတ်သက်ခြင်း မပြုရန် ကန့်သတ်ခံထားရသည့် နိုင်ငံ့ဝန်ထမ်းများလည်း ပါဝင်သည်။

“မနေ့ကတည်းက ကြည့်ချင်နေတာ၊ ဒေါ်အောင်ဆန်းစုကြည်ကိုလေ။ ဒီမနက် ထွက်တဲ့ ဂျာနယ်မှာ ပါတယ်လို့ ကြားတော့ ချက်ချင်း သွားဝယ်လိုက်တယ်” ဟု ရန်ကုန်မြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၀န်ထမ်း အမျိုးသမီး တဦးက ပြောဆိုသည်။

ယနေ့ သတင်းဂျာနယ်များ ရောင်းအား ကောင်းခြင်းမှာ ပြည်သူလူထုက သူတို့၏ လိုအပ်ချက်ကို ပြသလိုက်ခြင်း ဖြစ်ကြောင်း စာနယ်ဇင်းသမား တဦးက သုံးသပ်သည်။

“လူထုက သူတို့ တွေ့ချင် မြင်ချင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဓာတ်ပုံထဲမှာ တွေ့လိုက်ရလို့ ကျေနပ်သွားကြတယ်၊ အဲဒီဆန္ဒကို ဂျာနယ်တွေက ဖြည့်ဆည်းပေးနိုင်လိုက်တယ် လို့ ပြောရမှာပေါ့” ဟု ယခင် ဗိုလ်တထောင် သတင်းစာ အယ်ဒီတာ တဦးက ပြောသည်။

ယနေ့ ဖြန့်ချိသည့် မြန်မာတိုင်း(မ်) သတင်းဂျာနယ် မျက်နှာဖုံးတွင် အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက်လာမှု ပြယုဂ် ဟူသော သတင်းခေါင်းစဉ်ဖြင့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် မစ္စတာ ကာ့တ် ကမ်းဘဲလ်တို့ လက်ဆွဲ နှုတ်ဆက်နေပုံကို ဖော်ပြထားပြီး၊ စာမျက်နှာ ၃ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကာ့တ် ကမ်းဘဲလ်တို့ တွေ့ဆုံသည့် သတင်းနှင့် ဓာတ်ပုံကို ဖော်ပြထားသည်။

 “အခု ခရီးစဉ်ဟာ အချက်အလက် စုဆောင်းဖို့ လာရောက်တဲ့ ခရီးစဉ် ဖြစ်ပါတယ်”  ဟု အမေရိကန် သံရုံး ယာယီတာဝန်ခံ၏ နိုဝင်ဘာလ ၂ ရက်နေ့က ပြောကြားချက်ကို ဖော်ပြထားသည်။

Bi Weeklyဂျာနယ်တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးတို့ လက်ဆွဲနှုတ်ဆက်နေပုံ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန် အရာရှိများ အင်းလျားလိတ် ဟိုတယ် အပြင်ဘက်တွင် နှုတ်ဆက်နေပုံကို သတင်း ဆောင်းပါးနှင့်အတူ ဖော်ပြထားသည်။

ဆောင်းပါးတွင် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ အလည်အပတ် ခရီးစဉ် လာရောက်ခဲ့ကြောင်း ရေးသားထားပြီး ခရီးစဉ်အတွင်း မည်သူနှင့် မည်သည့်အချိန်၊ မည်သည့်နေရာတွင် တွေ့ဆုံခဲ့သည် ဆိုသည့် မှတ်တမ်း အကျဉ်း ဖော်ပြထားသည်။

သို့သော်လည်း သတင်းများမှာ ပြည့်စုံမှု မရှိခြင်း၊ သုံးသပ်ချက်များ မပါဝင်ခြင်းကြောင့် စာဖတ်သူ တချို့က မချင့်မရဲ ဖြစ်နေသည်။

စာပေစိစစ်ရေးက ခွင့်ပြုပေးသော ကန့်သတ်မှု တခု အတွင်းမှာပင် ဖော်ပြခွင့်ရအောင် ကြိုးစားပေးကြသည့် အတွက်  မြန်မာပြည်တွင် ထုတ်ဝေလျက်ရှိသော သတင်းဂျာနယ်များကို ကျေးဇူးတင်ရမည် ဖြစ်ကြောင်း NLD ပြန်ကြားရေးအဖွဲ့မှ ဦးအုန်းကြိုင်က ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည် သတင်းတွေနဲ့ ပတ်သက်ပြီးတော့ ဂျာနယ်တွေက ရေးချင်ကြပေမယ့်လည်း အစိုးရမီဒီယာမှာ ဖော်ပြတဲ့ အတိုင်းအတာ လောက်ကိုပဲ စာပေစိစစ်ရေးက ခွင့်ပြုပေးတယ်လို့ ပြောကြပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

သတင်းသမားများအတွက် သတင်းစာလွတ်လပ်ခွင့်က အရေးကြီးကြောင်း၊ သတင်းစာ လွတ်လပ်ခွင့် မရှိကြောင်း သဘောပေါက်ပါက လွတ်လပ်ခွင့် ရရေး ကြိုးပမ်းရန် စာနယ်ဇင်းသမားများ၏ တာဝန် ဖြစ်ကြောင်း သတင်းသမား တဦး ဖြစ်ခဲ့ဖူးသူ ဦးအုန်းကြိုင်က ပြောဆိုသည်။
Comments (6)Add Comment
0
ဘယ်တော့မှ မမေ့ဘူး .....
written by ရွှေမြိုင်သား, November 09, 2009
မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေက မြန်မာ နိုင်ငံသားတွေဟာ ဆင်းရဲ မွဲတေစွာ ရုန်းကန်နေရမှု၊ ဒါမှမဟုတ် ချမ်းသာကြွယ်ဝစွာ စည်းစိမ်ယစ်မှု (အချို့သော လူနည်းစု) တွေကြောင့် အန်တီစုနဲ့ သူ့ရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှု တွေကို မေ့လျော့နေကြပြီ လို့ထင်နေကြပုံ ရပါတယ်။ တကယ်တော့ မြန်မာနိုင်ငံသား အများစုရဲ့ ရင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ထာဝရ ရှိနေမှာပါ။ ဒီထက်မက ကမ္ဘာမှာပါ မြန်မာ ဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြေးမြင်တတ်ကြ ပါတယ်။ မိမိယုံကြည်ချက်အတွက်၊ ထို့ထက် မိမိနိုင်ငံ အတွက် ဘဝတစ်ခုလုံး ပေးဆပ်ထားတဲ့ အန်တီစုလို လူမျိုးကို လူသားတိုင်းက အမြဲတမ်း လေးစား ကြည်ညို နေမှာပါ။ ။
0
ခုထိမသိသေး
written by Chit Lay, November 08, 2009
နအဖ ကလဲ သူတို့ကို ပြည်သူက ကြည်ဖြူတုံး ထင်နေတာ သူတို့ပုံ နေ့တိုင်း ပါနေတာရယ် ဖြီးလုံးတွေ ၀ါဒဖြန့်တာတွေ ဆိုတာ လူထု သိနေပါပြီ မှူးကြီးသန်းရွှေ လဲ အမှန်တိုင်းမှ သိရဲ့လား
0
She is brave ,calm and peaceful ,
written by dong 2, November 08, 2009
Nevertheless for our country she is an angel at not heaven ,now house arrested* unfair at all *we will pay respect to her,meanwhile we will appreciate her at all time!
0
...
written by ခေါင်းကြီး, November 07, 2009
ကျက်သရေ ရှိလိုက်တာ အန်တီစုရေ... အခုလို လန်းလန်း ဆန်းဆန်းနဲ့ ဓါတ်ပုံထဲမှာ တွေရတာ ၀မ်းသာတယ်ဗျာ။ အန်တီစု ကျန်းမာပါစေ
0
ချစ်အောင်နေရင် လူထု ချစ်ကြောင်ြး ပခြင်းပါပဲ
written by အဖြူရောင်လူ, November 06, 2009
တရားမှု နဲ့၊ မျှတမှု နဲ့ နေနေသမျှ လူထုက ချစ်နေမှာပါ အမေ။

ဒါဟာ စစ်ဗိုလ်ချူပ်ကြီးတွေကို လူထုက အသံတိတ် ဆန္ဒပြလိုက်တာပါ။ တပ်လှန့်လိုက်တာပါ။ သူတို့ပုံတွေ နေ့တိုင်းလောက်ပါနေတာ ရောင်း မထွက်ပဲ အမေ့ပုံ တစ်နှစ်နေမှ တစ်ခါ၊ နှစ်ခါ ပါလာတော့ ဂျာနယ်တွေ ထုတ်မလောက် ဖြစ်သတဲ့။ အမှန်တရား ဆိုတာ ဒါပါပဲ။ လူထုက အမေ့ကို အုံပုန်းချ စ်နေဆဲပါ။

အမေက တရား မျှတမှု ရှိသလို၊ ခေါင်းဆောင်စွမ်းရ ည်ကလည်း ပြည့်ဝ၊ နိုင်ငံတကာ ဆက်ဆံရေးကလည်း သေသပ်၊ မြန်မာ့ကျက်သေ ရကလည်း အပြည့်ပါပဲ။

အမေလို မြန်မာမျိုး ရှိနေသမျှ မြန်မာဖြစ်ေ နရတာကို ဂုဏ်ယူပါတယ်။
0
Everybody's sweetheart
written by Chotuu Mar, November 06, 2009
Don't we love her all!!!
It shows how many people love how much about her.
She is the love of Burma. Real Burmese precious Lady.

ခေါင်းဖျား ခြေအဆုံး တကိုယ်လုံး မှာ ဘယ်နေရာ ကြည့်ကြည့် ဗမာ့သမီးအစစ်၊
တိုင်းပြည်ကျက်သရေေ

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

ဗမာတွေရဲ့ ကိုယ်တွင်း မကောင်းဆိုးဝါးများ

အမေ့ဗိုက်က ထွက်လာကတည်းက ကျုပ်တို့ ဗမာတွေဟာ မုသာဝါဒကို ရှောင်ကြဉ်ဖို့ သွန်သင် ဆုံးမတာ ခံခဲ့ရပါ တယ်။ အသက်လေး နည်းနည်းရလာပြီး ဘုရားကျောင်း ကန်ဆောက်၊ သံဃာများနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခါကျ တော့လည်း

အပြည့်အစုံသို့

နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် လိုသည်

၁၉၈၈ ခုနှစ် ကျောင်းသားများ ဦးဆောင်သည့် ဒီမိုကရေစီ အရေးတော်ပုံကြီးကို အကြမ်းဖက် ဖြိုခွဲခဲ့သည့် ၂၁ နှစ်မြောက်နေ့ အကြိုတွင် မြန်မာစစ်အစိုးရက လူသားချင်းစာနာမှု အခြေခံဖြင့်

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

နိုဝင်ဘာ ၂၀၊ ၂၀၀၉
၁ ဒေါ်လာ = ၉၆၀ ကျပ်
၁ ဘတ် = ၂၈.၆၀ ကျပ်