ယင်းကားပြပွဲကို အာရှတိုက်ရှိ နိုင်ငံပေါင်း ၂၉နိုင်ငံမှ ကုမ္ပဏီများ ပါဝင်ကာ လောင်စာဆီစားသက်သာသည့် လျှပ်စစ် ကားများ အပါအ၀င်အမျိုးအစား ၁၀မျိုးပြသမည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၌ ကားထုတ်လုပ်မှုသည်ဂျပန်နိုင်ငံမှ အသုံးပြုပြီးသား ပစ္စည်းများကို ၀ယ်ယူတပ်ဆင်ခြင်းသာဖြစ်သည်ဟု ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကားထုတ်လုပ်နေသည့် လုပ်ငန်းရှင်တဦးက ပြောသည်။
“ကားထုတ်လုပ်တဲ့ ပစ္စည်းတွေ သွင်းခွင့်ကို အစိုးရနဲ့နီးစပ်တဲ့ကုမ္ပဏီကြီး ငါးခုကို ပေးထားတယ်”ဟု ၎င်းလုပ်ငန်းရှင် ကပြောသည်။
ယင်း ကားပစ္စည်းသွင်းခွင့်ရ ကုမ္ပဏီကြီးများတွင် ဦးသမာဓိကုမ္ပဏီ ၊ မင်းမဟာကုမ္ပဏီ နှင့် TMC ကုမ္ပဏီ စသည်တို့ ပါဝင်ကြောင်း သိရသည်။
အဆိုပါကားပစ္စည်းများကို ဂျပန်နိုင်ငံမှ ၀ယ်ယူ၍ မြန်မာနိုင်ငံသို့ တရားဝင်သဘောင်္ဖြင့် တင်သွင်းပြီး၊ ထိုင်းနိုင်ငံမှလည်း နယ်စပ်ဖြတ်ကျော်၍ တရားမ၀င် လမ်းကြောင်းမှလည်းတင်သွင်းကြောင်းလည်း သိရသည်။
မြန်မာပြည်တွင် အရည်အသွေးမီ ထုတ်လုပ်နိုင်သည့် ပုဂ္ဂလိကကားများမှာ ရန်ကုန်ဂျစ်၊ ဒဂုံဂျစ်၊ နှင်းကြာဖြူ ကုမ္ပဏီမှ ထုတ်သည့် Townace အမျိုးအစား ပစ်ကပ်ကားများ၊မန္တလေးမြို့UD ကုမ္ပဏီမှ ထုတ်လုပ်သည့် ကားများဖြစ် ကြောင်း သို့ သော်လည်း နာဂစ်မုန်တိုင်းပြီးသည့် နောက်ပိုင်းကာလတွင် စီးပွားရေးကျဆင်းလာမှုကြောင့် အရှုံးပေါ်ခဲ့ရသည်ဟု အထက်ပါ ကားထုတ်လုပ်သူကပြောသည်။
“အင်ဂျင်တလုံးကို ၁၈သိန်းနဲ့ဝယ်တာ၊နာဂစ်ပြီးတဲ့နောက်ပိုင်း ၁၀သိန်းပဲရှိတော့တယ်၊ဂျစ်ကားတစီးကို ကုန်ကျစရိတ်သိန်း ၈၀ကျော် ကျတယ်၊ ပြန်ရောင်းတော့ ၅၅သိန်းပဲရတယ်”ဟု ၎င်းက ဆိုသည်။
ယခုအခါတွင်ပုဂ္ဂလိက ကုမ္ပဏီများ မှ အများဆုံးထုတ်လုပ်သည့် ကားများမှာ Towace အမျိုးအစား မီနီထရပ်ကား များ၊ ဂျစ်ကားများ နှင့် ၁၄ပေရှည်သည့်ဆယ်ဘီး၊ ဆယ့်နှစ်ဘီးကုန်တင်ယာဉ်များကို ထုတ်လုပ်နေပြီး ကားပစ္စည်း အနေဖြင့် ပြည်တွင်းဖြစ် ၄၀ရာခိုင်နှုန်း၊နိုင်ငံခြားဖြစ် ၆၀ရာခိုင်နှုန်းပါဝင်ရမည်ဟု အမှတ် ( ၂ )စက်မှုဝန်ကြီးဌာနမှ သတ်မှတ်ထား ကြောင်း သိရသည်။
ပဲခူးတိုင်း ဆွာမြို့နယ် သာဂရ ရှိ စစ် အစိုးရ ကားစက်ရုံမှ မြန်မာစတေရှင်ဝက်ဂွန်း ( MSW ) အမျိုးအစား ကားများ လည်း ထုတ်လုပ် နေကြောင်း၊၎င်းကားများ သည် ထိုင်းနိုင်ငံမှ ထုတ်သည့် Tiger ၊ ဂျပန်နိုင်ငံလုပ်ကားများနှင့် ဆင်တူကြောင်း ရန်ကုန်မြို့မှ ကားဝယ်ရောင်းလုပ်ကိုင် သူတဦး ကလည်း ပြောသည်
“မစ်ဆူဘီရှီ ၄၆ နဲ့ တပုံစံတည်းထုတ်ထားတာ၊ စတီရာရင် ဘယ်ညာပြောင်းထားတာပဲကွာတာပါ”ဟု ၎င်းကဆိုသည်။
နိုင်ငံခြားထုတ်ကားများနှင့် တူသော်လည်းကားအတွင်းပိုင်းအဆင်အယင်နှင့် သုံးစွဲထားသောပစ္စည်းများသည် အလွန် ညံ့ဖျင်းပြီး ပြည်ပကားပစ္စည်းမှာ အင်ဂျင်၊ ဖရိန်တန်းနှင့် တံခါးသာရှိကြောင်း၊သို့သော်လည်း ၎င်းကားများ၏ အစိုးရထုတ် ဈေးနှုန်းမှာ ကျပ်သိန်း ၅၀၁သိန်းရှိသည်ဟု သိရသည်။
အိန္ဒိယ နိုင်ငံမှ နာမည်ကြီး Tata ကားကုမ္ပဏီကလည်း ကုန်တင်ယာဉ်များကို မြန်မာနိုင်ငံတွင် စက်ရုံတည်ဆောက်၍ ထုတ် လုပ်မည်ဖြစ်ပြီး လာမည့် လတွင် စတင်မည်ဟု အိန္ဒိယ ကုန်တင်ကားကြီးများ ထုတ်လုပ်သူများကပြောကြောင်းသိရသည်။
written by Tin Aung Ni, November 10, 2009
Well... why you guys making fun of Advance Technology in Myanmar. India will be sharing how they make car (BTO-By Their Own). But Myanmar will be sharing their advance technology on making cars. What exactly Myanmar will be sharing? Myanmar will teach India on how to combine Honda, Toyota, Nissan, Mazda, FAW, Htaw Lar Gyee and come out with one beautiful Myanmar Made Hi Risk Car.
So All cars will be showing in India are "Custom Made in Myanmar. Featuring: Honda, Toyota, Nissan, Mazda, FAW, Htaw Lar Gyee + all car brands"
Proud to be Myanmar


So All cars will be showing in India are "Custom Made in Myanmar. Featuring: Honda, Toyota, Nissan, Mazda, FAW, Htaw Lar Gyee + all car brands"
Proud to be Myanmar


written by မက်ကင်း, November 09, 2009
ဖြစ်မှဖြစ်ရလေ.. အိန္ဒိယထုတ် ကားတွေက ပုံတုံးပေမယ့် အ၇ည် အသွေးကျတော့ တကယ့်ကို ကောင်းတာ.. ဒီက ထုတ်တဲ့.. အဲလေ..တပ်ဆင်တဲ့ ဂျစ်တွေနဲ့ သွားပြိုင်ရင်တော့ အရှက် ဟက်တက်ကွဲမှာ အမှန်ပဲ.. အဟွန့်.. ဟွန့်..
Write comment
| < Prev | Next > |
|---|













ဒါ တကယ် လမ်းပေါ် မောင်းမဲ့ မော်တော်ကား ပြပွဲနော်။
ခဏ စောင့်လိုက်ပါဦး။ နွားလှည်းပြပွဲ ကျမှ သွားပါလား။