ဗိုလ်ချုပ်မှူးကြီး နာဂစ်ဒေသသို့ ဒုတိယအကြိမ် သွားရောက်

E-mail Print
စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြီးခဲ့သည့် တနလာင်္နေ့က နာဂစ်မုန်တိုင်းသင့် မြစ်ဝကျွန်းပေါ်သို့ သွားရောက် ခဲ့ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြ ထားသည်။

ယခုခရီးစဉ်တွင်ဖျာပုံမြို့နယ်နှင့် ဘိုကလေးမြို့နယ်များတွင် ပြုလုပ်နေသည့်မုန်တိုင်းဒဏ်ကာကွယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများကို ကြည့်ရှုခဲ့ကြောင်း၊ တည်ဆောက်နေသည့် Cyclone Shelter အဆောက်အဦး ၂၀ကို မတ်လ ထက် နောက်မကျစေဘဲ အပြီးသတ်ရန်၊ ၎င်းအဆောက်အဦးများကို သာမန်အချိန်တွင် စာသင်ခန်းများ အဖြစ် အကျိုး ရှိရှိ အသုံးချရန် ဗိုလ်ချုပ်မှူးကြီးကညွန်ကြားခဲ့ကြောင်းလည်း ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD ) ၏ လေဘေးကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဦးအုန်းကြိုင်ကမူ နာဂစ်ဒေသ ပြန် လည်ထူထောင်ရေးနှင့်ပတ်သက်ပြီး ပြည့်စုံမှုမရှိသေးကြောင်း၊ ပျက်စီးဆုံးရှုံးမှုကြီးမားသည့်အတွက် ပုံမှန်အခြေအနေသို့ ရောက်ရှိရန် အကူအညီများဆက်လက်လိုအပ်နေသေးကြောင်း၊ နိုင်ငံတကာတွင်လည်း တခြားသောသဘာဝ ဘေးအန္တရာယ်များ ကျရောက်နေသောကြောင့် မြန်မာနိုင်ငံအတွက် အလှူရှင်များကို ပိုမိုလှုံ့ဆော်သင့်ကြောင်း ဧရာဝတီသို့ ပြောဆိုခဲ့သည်။

မကြာသေးခင်က အဆိုပါ နာဂစ်မုန်တိုင်းသင့်ဒေသမှ ပြန်လာသော NLD ၏ HIV/AIDS အကူအညီပေးရေးအဖွဲ့မှ ကိုရာဇာ က လည်း သဘာဝဘေးအန္တရာယ်ဆိုသည်မှာ အချိန်အခါမရွေး ပေါ်ပေါက်လာနိုင်သောကြောင့် ဒေသတွင်း လူထု လုံခြုံ ရေးအတွက် ကာကွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်းမှာကောင်းသော်လည်း နိုင်ငံတကာ အကူအညီနှင့် ပညာရှင် များ အကူအညီမပါဘဲ ပြုလုပ်၍မရနိုင်ကြောင်း ပြောသည်။

“မြစ်ဝကျွန်းပေါ်က အကြီးကြီးပဲ၊လူဦးရေကလည်း များတယ်၊ အဲ့ဒါကိုမှ အလုံး၂၀ပဲဆောက်တယ်ဆိုတော့ စစ်တပ် အတွက် ပဲလားမသိဘူး”ဟု ၎င်းက ဆိုသည်။

ဆောက်လုပ်နေသည့် Cyclone Shelter တလုံးလျှင် လူဦးရေ ၅၀၀ သာ ဆန့်သည်ဟုသိရပြီး ဒေသတွင်းကျေးရွာ တရွာ လျှင် လူဦးရေ ထောင်ဂဏန်းရှိသည်ဟု သိရသည်။

လက်ရှိအခြေအနေမှာ ဒေသနေပြည်သူများအား စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် စီးပွားရေးပြန်လည်နာလန် ထူလာရန် ပိုမိုပြုလုပ်သင့်သည်ဟုလည်း ကိုရာဇာကပြောသည်။

“ငါးဖမ်းတဲ့ကိရိယာတွေမရှိတဲ့လူက မရှိသေးဘူး၊ အိမ်ပြန်မဆောက်နိုင်တဲ့သူတွေ၊ ကျွဲနွားမရှိတဲ့သူတွေများတယ်၊မျော်လင့် ချက်မဲ့ သလိုမျိုးဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး အနေဖြင့် နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသသို့သွားရောက်ညွန်ကြားနေသော်လည်း အကူအညီပေးရေး လုပ်ကိုင်နေသူများကို ဖမ်းဆီး၍ ထောင်ဒဏ်အသီးသီး ချမှတ်အပြစ်ပေးမှုများ ရှိနေခဲ့သည်။

မကြာသေးမီကလည်း အကူအညီပေးရေး အဖွဲ့တဖွဲ့ဖြစ်သည့် လင်းလက်ကြယ်အဖွဲ့နှင့် ပတ်သက်သည်ဆိုပြီး ပြည်တွင်း သတင်းထောက်များကို ဖမ်းဆီးခဲ့သေးသည်။

အဆိုပါ အဖွဲ့သည် လူရွင်တော် ကိုဇာဂနာ တည်ထောင်ခဲ့သည့် အဖွဲ့ဖြစ်ပြီး ၎င်းနှင့် အားစကားဂျာနယ်သတင်းထောက် ကိုဇော်သက်ထွေးတို့အား စစ်အာဏာပိုင်များက နှစ်ရှည်ထောင်ဒဏ်များချမှတ်ထားသည်။

ဗိုလ်ချုပ်မှူးကြီး၏ ယခုခရီးစဉ်သည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး၊ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး နှစ်ပတ်အကြာတွင် ပထမဆုံး အကြိမ် သွားရောက်ခဲ့သည်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းသည် ၂၀၀၈ခုနှစ် မေလတွင် တိုက်ခတ်ခဲ့ပြီး ဒေသခံပြည်သူ ၁၄၀၀၀၀ ကျော် သေကြေ ပျောက်ဆုံး၍ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၀ ဘီလျံ ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်။
Comments (8)Add Comment
0
လုပ်ပြတာ လုပ်ပြတာ
written by Ko P, November 05, 2009
ဟိုအမေရိကင်္နတွေ လာလို့ လုပ်ပြတာပါ
0
No one is above the Law
written by km , November 05, 2009
they said
no one is above the Law
But
you have to read like that..

"No. one" is above the Law!

smilies/grin.gif
0
သချာင်္ညံလို့ တွက်ပြကြပါ။
written by သားဆိုး, November 04, 2009
Cyclone Shelter တလုံးလျှင် လူဦးရေ ၅၀၀ သာ ဆန့်တယ် ဆိုရင် အလုံး ၂၀ ဆိုတော့ လူ ၁၀၀၀၀ (တစ်သောင်း) ပေါ့နော်။ သို့ကလို့ ပေမယ့် မြန်မာပီပီ ကျပ်ကျပ်တည်းတည်း နေလိုက်မယ် ၂၀၀၀၀(နှစ်သောင်း) ။ ဟင်.... ဧရာဝတီတိုင်း တတိုင်းလုံးမှာ လူလေး ၂၀၀၀၀(နှစ်သောင်း) တည်းနေတာလား။ လူဦးရေ သန်း ၆၀ ၀န်းကျင်လောက်ရှိတဲ့ မြန်မာနိုင်ငံ ရဲ့ အဓိက စားနပ်ရိက္ခာ ဆန်စပါးကို ဒီလူလေး ၂၀၀၀၀ က ထုတ်လုပ်ပေး နေတာလား။ အာဂ လူစွမ်းကောင်းတွေပဲ ။ ဒါမှမဟုတ် မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၆၀ ရှိတယ်ဆိုပါစို့ တိုင်းနဲ့ ပြည်နယ် ၁၄ ခု မှာ ပျမ်းမျှ ၁ ခုကို လူဦးရေ 4.5 သန်းရှိတယ် ဆိုပါစို့ ။ ဟင်... ဒါဆို ဧရာဝတီတိုင်းက ကျန်တဲ့လူဦးရေ ၄ သန်းက နောက်ထပ် ဒီလိုမုန်တိုင်းမျိုးတိုက်ရင် သေ ဆိုတဲ့ သဘောလား။ တွက်ပြကြပါဗျာ။ ပညာရှင်တွေ တွက်ပြကြပါ။ ပြောကြပါ ဆိုကြပါ။
ခင်ဗျားတို့ အခု ဒီလိုမျိုး မပြောမဆိုပဲ ရေငုံနှုတ်ပိတ်နေနေတာက နောက်တချိန် ခင်ဗျားတို့ သားမြေးမြစ်တွေ လက်ထက်ရောက်ရင် ဒုက္ခရော က်ကြပါလိမ့်မယ်။ ခင်ဗျား တို့ အဖေတွေ ဦးလေးတွေ တာဝန်မကျေခဲ့လို့ အခု ခင်ဗျားတို့ ကျွန်တော်တို့ဒီလြို ဖစ်ကြရပြီ။ ခင်ဗျားတို့ ကျွန်ေ တ်ာတို့က မွေးလာမယ် သားတွေသမီးတွေ မြေးတွေမြ စ်တွေကိုရော ဒီစနစ်ဆိုးကြီး ဆက်ပေးခဲ့ကြမှာလား။ ဒီအကျင့်ဆိုး ကြီးထဲဆက်ထားခဲ့ကြမှာလား။

သားဆိုး
0
ဗိုလ်ချုပ်မှူးကြီး နာဂစ်ဒေသသို့ ဒုတိယအကြိမ် သွားရောက်
written by sea dog, November 04, 2009

Than Shwe rushed to Irrawaddy Delta region on Sunday just two days before Ban Ki Moon was about to arrive (on Wednesday) so that he could tell Ban that he was really taken care of Nargis victims.

Actually he is really scare of Americans. He warded off American warships which were carrying full of aids . He just let the people suffered and died for lack of basic necessities.

Now he did not want to face the American assistant secretary of states so he ran away from him and is that he is taking care of the poor people in Delta Area.

In fact, he can save a tens of thousands of live if he let meteorological department of Myanmar announced the actual force and very strong destructive power of Cyclone Nargis which was about to hit the Irrawaddy Delta Region. But he was nervous that the people would not be able to vote for (စစ်ဗိုလ်တမတ်သား ပါလီမန် ပါဝင်မည့်) referendum which aim is just to legalize it and then to prolong the army's control over Myanmar people.

That's all folks.


0
အောင်မာ!!
written by Zero, November 04, 2009
အပို တွေ .. သူသွားတာ နဲ့ ပြေလည်သွားမတဲ့လား.. သူ့ မျက်ခွက်ကြီး မြင် ပြီး မြစ်ဝကျွန်းေ ပ်ါက လူတွေ စိတ်ညစ်ရတဲ့ထဲ ရင်နင့် နေရဦးမယ်.. နိုင်ငံကို အုပ်ချုပ်တဲ့ သူတဲ့ ..လူတွေ သိန်းနဲ့ ချီပြီး သေတဲ့ ဒေသ ကို အခုမှ နှစ်ခါဘဲ ရောက်သေးတဲ့ အပြင်.. အကူအညီတွေ ပိတ် ( သူ တို့ ဆီမအပ်ရင်).. စေတနာ့ ဝန်ထမ်း တွေကို ဖမ်း..
အဲဒါတောင် အရှက်မရှိဘဲ သွားရဲ သေးတယ်.. smilies/angry.gifsmilies/angry.gifsmilies/angry.gif
0
...
written by Oo Gyi Kyaw, November 04, 2009
အော်....ကျုပ်တို့တပ်ချုပ်ကြီး သွားကြည့်တာက နောင်နှစ်၂၀၁၀ ရွေးကောက်ပွဲမှာ သေနတ်ပြ ခြိမ်းချောက်ပြီး မဲထည့်ခိုင်း ဖို့ လူဘယ်နှစ်ယောက် မသေပဲ ကြန်သေးလဲ လို့ သွားကြည့်တာ နေမှာပါ။ ရက်ဆက်ပါပေ့ ချုပ်ချုပ်ရယ်........
0
သူ့ ကိုပါဖမ်းပြီးထောင ချ ရမှာ
written by ဗိုက်ကလေး, November 04, 2009
ဗိုလ်ချုပ်မှူးကြီးက ဘာသွားလုပ်တာလဲ...သူလဲ အကူအညီပေးဖို့ သွားတာလား...ဒါဆို နအဖ ရဲ့ ပေါ်လစီ အရ သူ့ ပါ ဖမ်းပြီး ဆောင်ချ သင့် တယ်နော ...ဘာလို့ လဲဆိုတော့  အကူအညီပေးတဲ့  သူကို ဖမ်းဆီးထောင်ချ နေလို့ လေ... သူ့ ကိုတော့ နအဖ ဥပဒေအရ ထောင်ဒဏ် အနှစ် ၆၅၀........ဒါမှ နအဖ ဥပဒေ အထက်မှာ ဘယ်သူမှ မရှိဘူး ဆိုတာ. .သက်သေပြလို့  ရမှာပေါ့ ...
0
စေတနာ သတိထား။
written by KNM, November 03, 2009
စေတနာတွေ အမှန်ရှိမရှိ သိချင်လျှင် နာဂစ် လူမှု့ ကယ်ဆယ်ရေး သမားတွေကို ထောင်ထဲ ထည့်ပြီး ဖမ်းဆီး နှိပ်စက်မှုတွေ ချက်ချင်းရပ်တန့် လိုက်ပါ။

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

ဗမာတွေရဲ့ ကိုယ်တွင်း မကောင်းဆိုးဝါးများ

အမေ့ဗိုက်က ထွက်လာကတည်းက ကျုပ်တို့ ဗမာတွေဟာ မုသာဝါဒကို ရှောင်ကြဉ်ဖို့ သွန်သင် ဆုံးမတာ ခံခဲ့ရပါ တယ်။ အသက်လေး နည်းနည်းရလာပြီး ဘုရားကျောင်း ကန်ဆောက်၊ သံဃာများနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခါကျ တော့လည်း

အပြည့်အစုံသို့

နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် လိုသည်

၁၉၈၈ ခုနှစ် ကျောင်းသားများ ဦးဆောင်သည့် ဒီမိုကရေစီ အရေးတော်ပုံကြီးကို အကြမ်းဖက် ဖြိုခွဲခဲ့သည့် ၂၁ နှစ်မြောက်နေ့ အကြိုတွင် မြန်မာစစ်အစိုးရက လူသားချင်းစာနာမှု အခြေခံဖြင့်

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

နိုဝင်ဘာ ၂၀၊ ၂၀၀၉
၁ ဒေါ်လာ = ၉၆၀ ကျပ်
၁ ဘတ် = ၂၈.၆၀ ကျပ်