ထိုင်းဗိုလ်ချုပ်ဟောင်း ချာဗာလစ် မြန်မာပြည်သွားမည်

E-mail Print
ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ ချာဗာလစ် ယောင်ချိုင်ယုဒ်သည် ယခုလအတွင်း  မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း တနင်္ဂနွေနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာ တွင် ဖော်ပြထားသည်။

သူ၏ ခရီးစဉ်အတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တို့နှင့် တွေ့ဆုံမည်ဟု ဆိုသည်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ကျနော်က ညီအစ်ကိုလို ဆက်ဆံရေး ရှိတယ်၊ ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ကတော့ မိတ်ဆွေလို ဆက်ဆံရေးမျိုး ရှိပါတယ်” ဟု သူ၏ ပြောကြားချက်ကို သတင်းစာတွင် ဖော်ပြထားသည်။

မစ္စတာ ချာဗာလစ်သည် ထိုင်းနိုင်ငံ ကာကွယ်ရေးဦးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ်က ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ၏ အာဏာသိမ်း စစ်အစိုးရကို ပထမဆုံး စတင်အသိအမှတ်ပြုသည့် နိုင်ငံ့ခေါင်းဆောင်တယောက် ဖြစ်သည်။

ဝန်ကြီးချုပ်အဖြစ် သူတာဝန်ယူစဉ် မြန်မာစစ်အစိုးရအား လက်နက်ကိုင် ဆန့်ကျင်နေသည့် ကျောင်းသား အများအပြားကို ထိုင်းနိုင်ငံ မြောက်ပိုင်း တာ့ခ်ခရိုင်တွင် စခန်းများသို့ စုစည်းပြီး၊ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့သည်။

အပြန်အလှန်အားဖြင့် မြန်မာ့ရေပိုင်နက်အတွင်း ငါးဖမ်းခြင်း၊ နယ်စပ်ဒေသတွင် သစ်ထုတ်လုပ်ရေးခြင်း စသည့် စီးပွားရေး လုပ်ကိုင်ခွင့်များကို စစ်အစိုးရက ပေးအပ်ခဲ့သည်။

မစ္စတာ ချာဗာလစ်သည် ထိုင်း- မြန်မာနယ်စပ်မှ လူမျိုးစု လက်နက်ကိုင် အဖွဲ့များကို စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရန် ဖိအားပေးခဲ့သူဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦး ဖြစ်သူ စောဒေးဗစ်ထောက ဧရာဝတီကို ပြောသည်။

“KNU နဲ့ သူ ဗိုလ်မှူးကြီး ဘ၀မှာတုန်းက အရမ်း ရင်းနှီးတယ်၊ ဒါပေမယ့် ၀န်ကြီးချုပ်ဘ၀ရောက်တော့ လက်နက် စ ပိတ်ခဲ့တာ သူပဲ။ သူ အကျိုးအမြတ်အတွက် ဘာမဆို လုပ်တယ်” ဟု စောဒေးဗစ်ထောက ထောက်ပြသည်။

ဤအတောအတွင်း မစ္စတာ ချာဗာလစ်က ထိုင်းအစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒကို အပြစ်တင်လိုက်သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက နေအိမ်အကျယ်ချုပ် ချထားခြင်းနှင့် ပတ်သက်ပြီး လက်ရှိ ထိုင်းအစိုးရက ဝေဖန်ပြောကြားခဲ့ခြင်းမှာ မှားယွင်းကြောင်း မစ္စတာ ချာဗာလစ်က မကြာသေးခင်က ပြောလိုက်သည်။

မစ္စတာ ချာဗာလစ်သည် ပွေ့ထိုင်းပါတီ၏ ခေါင်းဆောင်တဦးဖြစ်နေသည်။ ပွေ့ထိုင်းသည် ၀န်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်ကို အပြည်အ၀ ထောက်ခံသည့်ပါတီ ဖြစ်သည်။

ဗိုလ်ချုပ်ကြီးဟောင်း ချာဗာလစ်သည့် မလေးရှားနိုင်ငံသို့လည်း သွားမည်ဟု ကြေညာထားသည်။

မစ္စတာ ချာဗာလစ်၏ ဒေသတွင်းခရီးစဉ်တခုကြောင့် ထိုင်းအစိုးရက စိတ်အနှောက်အယှက် ဖြစ်နေသည်။

မကြာသေးမီက ကမ္ဘောဒီးယားနိုင်ငံသို့ သူသွားရောက်ခဲ့ပြီး နောက်ပိုင်းတွင် ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်က ထွက်ပြေးနေရသည့် မစ္စတာ သက်ဆင်အား  ခိုလှုံခွင့် ပေးမည်ဟု ကြေညာခဲ့သည်။

ထိုကြောင့် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ ( Abhisit Vejjajiva ) ၏ ဒီမိုကရက် ပါတီမှ ပြောရေးဆိုခွင့်ရှိသူ တဦးကလည်း မစ္စတာ ချာဗာလစ်ကို ထိုင်းနှင့် အိမ်နီးချင်း နိုင်ငံများအကြား ဆက်ဆံရေး ရှုပ်ထွေးစေရန် ပြုလုပ်ခြင်းမှ ရှောင်ကျဉ်ရန် ပြောကြားခဲ့သည်။

“အခု မလေးရှားနဲ့ မြန်မာခရီးစဉ်တွေဟာ ကမ္ဘောဒီးယား ခရီးစဉ်လိုမျိုး စိတ်မသက်မသာ ဖြစ်လာစရာ မရှိဘူးလို့ မျှော်လင့်ပါတယ်” ဟု အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

သို့သော် မစ္စတာ ချာဗာလစ်  မြန်မာနိုင်ငံသို့ သွားရောက်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ် နေသော ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ဟု ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှ အကြီးတန်း သတင်းထောက် တဦး ဖြစ်သူ ဆူပါလပ်ခ် (Supulak) ကသုံးသပ် ပြောဆိုသည်။ မစ္စတာ ချာဗာလစ်သည် လက်ရှိ ထိုင်းအစိုးရ မကောင်းကြောင်း အတင်းအဖျင်းများကို သွားရောက် ပြောဆိုခြင်းသာ ဖြစ်လိမ့်မည်ဟု The Nation အကြီးတန်း သတင်းထောက်က ဆိုသည်။
Comments (2)Add Comment
0
may be next bussiness
written by ဗိုက်ကလေး, November 04, 2009
ဂျိုကုတ်ဒူးကြီးနဲ့ က ညီအကိုလို တဲ့ ....ဘာတွေ ကပ်ဖားရပ်ဖား လုပ်ပြီး..ကိုယ်ကျိုး စီပွါးတွေ တောင်းအုံးမှာလဲ မသိဘူး. .ဒီလို အိမ်နီးချင်းနိုင်ငံ တွေက ကိုယ်ကျိုး စီးပွါး သမားတွေရှိနေတာကြောင့် ..နအဖ ..သက်ဆိုးရှ ည်နေတာ။စစ်သား အချင်း ချင်းဆိုတော့ ...မသူတော်ချင်း ပေါင်းလို့  ရတာပေါ့ ။
0
next bussiness
written by LWIN AUNG, November 03, 2009
Former Thai PM,Gen Chavalit Yong Chaiyudh want to take next bussiness from Junta, Like a under ground Construction and nuclear plan project and nuclear bombs for his brother Than Shwe.He only care,his bussiness.Before, he never take care of the Burma grassroot peoples.
Lwin Aung

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

ဗမာတွေရဲ့ ကိုယ်တွင်း မကောင်းဆိုးဝါးများ

အမေ့ဗိုက်က ထွက်လာကတည်းက ကျုပ်တို့ ဗမာတွေဟာ မုသာဝါဒကို ရှောင်ကြဉ်ဖို့ သွန်သင် ဆုံးမတာ ခံခဲ့ရပါ တယ်။ အသက်လေး နည်းနည်းရလာပြီး ဘုရားကျောင်း ကန်ဆောက်၊ သံဃာများနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခါကျ တော့လည်း

အပြည့်အစုံသို့

နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် လိုသည်

၁၉၈၈ ခုနှစ် ကျောင်းသားများ ဦးဆောင်သည့် ဒီမိုကရေစီ အရေးတော်ပုံကြီးကို အကြမ်းဖက် ဖြိုခွဲခဲ့သည့် ၂၁ နှစ်မြောက်နေ့ အကြိုတွင် မြန်မာစစ်အစိုးရက လူသားချင်းစာနာမှု အခြေခံဖြင့်

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

နိုဝင်ဘာ ၂၀၊ ၂၀၀၉
၁ ဒေါ်လာ = ၉၆၀ ကျပ်
၁ ဘတ် = ၂၈.၆၀ ကျပ်