မင်းသားကျော်သူ မွေးနေ့ အနုပညာပြပွဲ ကျင်းပ

E-mail Print
လူမှုရေး လုပ်ငန်းများဖြင့် ထင်ရှားနေသည့် ရုပ်ရှင် သရုပ်ဆောင် ကျော်သူက ယနေ့ ကျရောက်သည့် သူ၏ အသက် ၅၀ ပြည့် မွေးနေ့တွင် မိတ်ဆွေများကို ရန်ကုန်မြို့ နေအိမ်သို့ ဖိတ်ခေါ်ပြီး သူဖန်တီးထားသော ပန်းချီနှင့် ဓာတ်ပုံများ ပြသခဲ့ကြောင်း ဧရာဝတီကို ပြောသည်။



“ကျနော်က ရုပ်ရှင် ရိုက်ခွင့်မရတော့ဘူးလေ၊ အနုပညာသမား ဆိုတော့ တခုခု ဖန်တီးမှ ရမယ် ဆိုပြီး ကျနော် ရိုက်ထားတဲ့ ဓာတ်ပုံနဲ့ ပန်ချီးကားတွေကို ပြတာပါ” ဟု ကျော်သူက ဧရာဝတီကို ပြောသည်။

အာဏာပိုင်တို့က ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ကူညီခဲ့သော သရုပ်ဆောင် ကျော်သူကို ရုပ်ရှင်ရိုက်ကူးခွင့် ပိတ်ပင်လိုက်သည်။ ရုပ်ရှင်ဇာတ်ကား နည်းပါးနေသဖြင့် ယခင်က ရိုက်ကူးပြီးခဲ့သော ကျော်သူ၏ ဇာတ်ကားများကိုမူ ရုံတင်ပြသခွင့် ပြုသည်ဟု ဆိုသည်။

ရုပ်ရှင်နယ်တွင် လှုပ်ရှားခွင့် တားမြစ်ခံထားရသည့် ကျော်သူ၏ ယနေ့ ပြပွဲတွင် ပန်းချီကား ၂၃ ကား၊ ဓာတ်ပုံ ၄၀ ခန့် ပါဝင်သည် ဟုဆိုသည်။

ပန်းချီကားများမှာ ရောင်းရန် မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးကို အဓိက သရုပ်ဖော် ရေးဆွဲထားခြင်း ဖြစ်ကြောင်း ကျော်သူက ပြောသည်။  

“တကမ္ဘာလုံးမှာ စစ်မဖြစ်ဘဲ၊ စစ်အုပ်ချုပ်ရေးအရ ကင်းလွတ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်စေချင်တယ်။ ကျနော် သဘောအကျဆုံး ပုံက War and Peace (စစ်နဲ့ငြိမ်းချမ်းရေး) ဆိုတဲ့ ပုံရယ်၊ နောက်တပုံက Woman Leadership (အမျိုးသမီးခေါင်းဆောင်မှု) ဆိုပြီး ကျနော် နာမည်ပေးထားတဲ့ နောက်ခံ အမည်းကြီးမှာ အဖြူရောင် ရွှေဇီးကွက်ရုပ်၊ ပစ်တိုင်းထောင်က အမျိုးသမီးပုံပေါ့လေ ပါးကွက်နဲ့ ပုံပါ” ဟု ကျော်သူက သူနှစ်သက်သည့် ပန်းချီကားတချို့အကြောင်း ရှင်းပြသည်။  

မွေးနေ့ပြပွဲမှ ဓာတ်ပုံများအကြောင်းကိုလည်း မွေးနေ့ရှင် ကျော်သူက ပြောပြသည်။

“ဓာတ်ကြိုးပေါ်မှာ အုပ်စုလိုက် ငှက်တွေ၊ နောက်တော့ တကောင်ပဲ ကျန်ခဲ့တယ်၊ အဲဒီပုံလေးကို ကျနော် သစ္စာဖောက် လို့ နာမည်ပေးထားတယ်” ဟု ဓာတ်ပုံတပုံနှင့် ပတ်သက်ပြီး သူက အဓိပ္ပာယ် ဖွင့်ပြသည်။

ဓာတ်ပုံများမှာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ဒုက္ခသည် ကယ်ဆယ်ရေး ကာလအတွင်း ရိုက်ကူးထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဦးကျော်သူသည် ရုပ်ရှင်လောကတွင် သရုပ်ဆောင် နှင့် ဒါရိုက်တာ အဖြစ် ၂၅ နှစ်တိုင် ဖြတ်သန်းခဲ့သူ ဖြစ်သည်။  ၁၉၈၄ ခုနှစ်တွင် သူပါဝင်သရုပ်ဆောင်ထားသည့် “ချစ်ကြိုးလေး နှစ်မျှင်” ဇာတ်ကားဖြင့် စတင် အောင်မြင်လာသည်။

နောက်ဆယ်နှစ်အကြာတွင် သူပါဝင်သရုပ်ဆောင်ခဲ့သော “တပြည်သူမရွှေထား” ဇာတ်ကားဖြင့် ရုပ်ရှင်ထူးချွန်ဆု ရခဲ့သဖြင့် အကယ်ဒမီကျော်သူ ဖြစ်လာသည်။ ဒါရိုက်တာအဖြစ် သူရိုက်ကူးခဲ့သည့် “အမေ့ နို့ဖိုး” ဇာတ်ကားဖြင့် ၂၀၀၃ ခုနှစ်အတွက် ဒါရိုက်တာဆု ရရှိခဲ့သည်။

ယခုအခါ ရုပ်ရှင်လောကတွင် ပိတ်ပင်ခံနေရသော ကျော်သူသည် သူ၏ လူမှုကူညီရေးလုပ်ငန်းကို ယခင်ကထက် အာရုံစိုက်ပြီး လုပ်ကိုင်နေသည်။

ကျော်သူက အစိုးရနှင့် မသက်ဆိုင်သည့်၊ နိုင်ငံရေးနှင့်လည်း ပတ်သက်ခြင်း မရှိသည့် နာရေးကူညီမှု အသင်းကို ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် တည်ထောင်ခဲ့ပြီး ပြည်တွင်းပြည်ပ အလှူရှင်တို့၏ လှူဒါန်းငွေများဖြင့် ရန်ကုန်မြို့ ဈာပန လုပ်ငန်းများကို အခမဲ့ ကူညီလျက်ရှိသည်။ မင်းသားကျော်သူ၏ အသင်းသည် နေ့စဉ် ရန်ကုန်မှ ဈာပန ၅၀ ခန့်ကို ကူညီသဂြိုဟ်ပေးသည့် လူမှုရေး လုပ်ငန်းကြီး ဖြစ်နေသည်။

ပြီးခဲ့သည့်နှစ်များအတွင်း အာဏာပိုင်များက ကျော်သူ၏ လှုမှုရေးလုပ်ငန်းများကို အနှောက်အယှက် ပြုလုပ်သည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် “သုခ” ဆေးခန်းကို ဖွင့်လှစ်ပြီး လူမှုရေး လုပ်ငန်းများကို တိုးချဲ့လိုက်သည်။

ဤအတောအတွင်း ကျော်သူ ဦးစီးသည့် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ ကုသိုလ်ဖြစ်ဆေးခန်းသည် ဒေသခံ အာဏာပိုင်တို့၏ ဖိအားပေးခြင်းနှင့် ရင်ဆိုင်နေရသည်။ ထိုဆေးခန်းမှာ တရက်လျှင် လူနာအယောက်၂၀၀ ကျော်ကို အခမဲ့ ကုသပေးနေသော ဆေးခန်းဖြစ်သည်ဟု သိရသည်။
Comments (27)Add Comment
0
wish
written by myatthankhin, November 04, 2009
Happy Birthday Ko Kyaw Thu.
0
...
written by ning, November 04, 2009
Happy Birthday to Ko Kyaw Thu
0
The greatest birthday in Myanmar.
written by khin, November 04, 2009
Dear U Kyaw Thu,
I wish you to be safe, and healthy for your furture life time. And I hope you can read our Compliments.
You are the most honest Artist forever.

i send my full of regards to you U Kyaw Thu not only at your birthday but also for long life.
You following buddha’s way and you already have huge of people love and wishes. You are the one we respected that as a Myanmar Artist, Actor, and Hero forever. You prove that you really love your audience. You are trully and honestly man forever.

No matter what happen, you never give up your mission. I couldn’t well enough to say you to be wealthy, healthy and happy.
I knew and can feel it you will be lived for long life to help poor people.

(Another Artist is U Zar Ga Nar.)
0
ကိုကျော်သူ
written by ဗိုက်ကလေး, November 04, 2009
မွေးနေ့ မှာ ပျော်ရွှင် ချမ်းမြေ့ ပါစေ။ ဧရာဝတီ စာဖတ် ပရိတ်သတ် တွေက ဆုတောင်း ပေးထားတာ များလို့ ကျွှန်တော်တောင် ဘာ မှတ်ချက် ပေးရတော့ မှန်းကို မသိဘူး။ ကိုယ်ကျော်သူရဲ့  အိပ်မက်တွေ အောင်မြင်ပါစေ။
0
...
written by naungyoe, November 03, 2009
Happy birthday ko Kyaw Thu. You are a brave & great man. we need many persons like you in burma.
0
happy birthday
written by myo, November 03, 2009
brave and rare person in myanmar. proceed ur job, the more difficult way u walk, the more results u own.
0
Happy Birthday,Ko Kyaw Thu!
written by nu yin , November 03, 2009
i respect u .
0
...
written by htin kyaw, November 03, 2009
Many Happy Return Ko kyaw Thu.He is One of the hero in burma.
0
Happy
written by Ko MHT, November 03, 2009
Happy Birthday to you, Mr Kyaw Thu!
As long as you are not against yourself, the success will do you favour, although you are opposing to those who are animal-minded.
0
အနုပညာရှင်တွေရဲ့အာ
written by သူရိန်, November 03, 2009
လေးစားပါတယ်ဗျာ မွေးနေ့မှာ ပျော်ရွင်ပါစေ..

ဦးလေးကျော်သူ လိုမျိုး အနုပညာရှင်တွေ များများ ပေါ်လာရင် အရမ်း ကောင်းမှာ... ခုအခြေအနေ အရ ပြည်သူတွေ ဘက်မှာ သင်္ဃာတော်တွေက အပြည့် အ၀ ရပ်တည်ပြီးပြီ ဒီ့ပြင် ပြည်သူတွေ ချစ်ခင် အားပေးနေတဲ့ ဦးဦးကျော်သူ တို့လို အနုပညာရှင်တွေက အင်အားတစ်ခု အနေနဲ့ ခိုင်ခိုင် မာမာ ရပ်တည်လာနိုင်မယ် ဆိုရင် ကျွန်တော် မြင်တယ် ကျွန်တော်တို့ နိုင်ငံ အတွက် ပြောင်းလဲမှုက မဝေးဘူး ...

ဦးလေး ကျော်သူ အဲ့လို အနုပညာရှင် တွေကို အင်အား တစ်ခု ဖြစ်လာအောင် စည်းရုံးပါလား လုပ်ပါလား ...
0
Miss
written by Sandy Thin Mar Oo, November 03, 2009
Hope you will have a wonderful birthday with your lovely family.
0
Miss
written by Sandy Thin Mar Oo, November 03, 2009
Mr Kyaw Thu (Our beloved Burmese Actor),
Hope you will have a healthy, wealthy & enjoyable birthday with your lovely family and many happy returns to you forever U ... ! We love you until we die ... !
Chitthamee များ
Sandy Thin Mar Oo & many more from United Kingdom! smilies/smiley.gif
0
...
written by မြန်မာပြည်သား, November 03, 2009
လူတွေရဲ့အကျိုးကို ကူညီ ဖြည့်စွမ်းတဲ့ "စိတ်ဓာတ်"
မတရားမှုကို လက်ပိုက် ကြည့်မနေတတ်တဲ့ "လုပ်ရပ်"
အနုပညာ လောကမှ ဦးကျော်သူနှင့် ဦးဇဂနာ တို့အနုပညာရှင် ကောင်းကို "အစဉ် လေးစားဂုဏ်ယူလျှက်"
ဦးကျော်သူ ကျန်းမာ ပျော်ရွှင်ပြီး လူတွေ ကောင်းကျိုးကို အသေဝနာစ ဗာလာနံ တွေနှေက်ယှက်ခြင်းမှ ကင်းဝေးပြီး ပိုမို ဆောင်ရွက်နိုင်ပါစေ....
0
...
written by အင်ကြင်းသန့်, November 03, 2009
ဦးကျော်သူကို ဟိုးငယ်ငယ်ေ လး ကတည်းက အားပေးလာတာပါ .....ရုပ်ရှင်တွေမရိုက်ရလည်း ဆက်ပြီး အားပေးနေဦးမှာပဲ.........ဦးကျော်သူ သက်ကျော်ရာကျော် ရှည်ပါစေ.....
0
Bravo ဦးကျော်သူ
written by bravokyaw, November 03, 2009
ဦးကျော်သူ ဒီထက်မက အောင်မြင်ပါစေ၊ ဒီထက်ပိုပြီး တိုးတက်ပါစေ၊
ဦးကျော်သူရဲ့ လုပ်ငန်း ပိုပြီး တိုးချဲ့နိုင်ပါစေခင်ဗျာ လေးနက်စွာ ဆုတောင်း မေတာ ပို့လိုက်ပါတယ်။
0
with respect
written by the learner, November 03, 2009
Happy Birth Day Ko Kyaw Thu !!
Salute you as one of our country's future leader from far far away land.
0
You still are the hero in the hearts of all Myanmar audiences!
written by Htin Kyaw, November 03, 2009
နှစ် ၅၀ မြောက်ကျရောက်လာတဲ့ မွေးနေ့မှာ မင်္ဂလာအပေါင်း ခညောင်းပါစေ လို့ လှိုက်လှိုက် လှဲလှဲ ကြီးကို ဆုမွန် ခြွေလိုက်ပါတယ် ဦးကျော်သူ။ လူ မသူတော်တွေ ဘယ်လိုပဲ ညစ်ပတ်ပြီး လိုက် နှောက်ယှက်နေပါစေ၊ အစ်ကို လုပ်ဆောင်နေတဲ့ မွန်မြတ်လှတဲ့ လူမှုကူညီရေး လုပ်ငန်းတွေကို နောက်မတွန့်တမ်း ဆက်လုပ်သွားလိမ့်မယ် လို့ ယုံကြည် မျှော်လင့်နေပါတယ်။ နာရေး ကူညီမှု အသင်းကြီးကိုတော့ သူတို့ ဖျက်သိမ်း မပစ်ရဲလောက်ပါဘူး။

လေးစားစွာဖြင့်
အိပ်ကေ
ဖလော်ရီဒါ၊ ယူအက်စ်အေ။
0
ပြည်သူ့အချစ်တော်. ..ဦးကျော်သူ.
written by စိုင်းစိုင်း., November 03, 2009
အပြော..မဟုတ်. အလုပ်နဲ့...စွမ်းဆောင်နိုင်တဲ့..ဦးကျော်သူကို လေးစားတယ်... အားကျတယ်..
ကျော်သူနြဲ့ ပည်သူ. ..ပြည်သူနဲ့ကျော်သူ. ..တစ်သားသားထဲ စီးဆင်းတယ်.. .ရှားတယ်. .ဦးကျော်သူလို စိတ်စါတ်မျိုး...
ရဲရင့်တဲ့.. .စိတ်ထား...ကြ င်နာတ တ်တဲ့...နှ လုံးသားနဲ့...ဦးကျော်သူ. ..နှစ်ငါးဆယ်မှ..နှစ်ငါးရာတိုင်.. .ပျော်ရွင်ချမ်းမြေ့နိုင်ပါစေ....
0
...
written by Oo Gyi Kyaw, November 03, 2009
မိမိကိုယ်ကျိုး၊ မိမိ အောင်မြင် ကျော်ကြားဖို့ ထက် မိမိကို ချစ်သော ပြည်သူ အကျိုးကို ရှေ့တန်းတင် သော ဦးကျော်သူလို အနုပညာရှင်များ နောက်ထပ် အနုပညာ လောကမှာ များများ ပေါ်ပေါက်ပါစေ လို့ ဆုတောင်း ရင်း.... ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ ....ဦးကျော်သူ။
0
Keep your loving kindness
written by Aung Htay Oo, November 03, 2009
Happy birth day Ko Kyaw Thu!!!!!!
You are the one of the great person in Myanmar that your loving kindness and humanitarian aids to the people espicially the time of Cyclone Nargis.
We, Myanmar people believed that you can go thru evering you like to do regarding humanatarian aids even you have any obstructions by SPDC.

Keep your loving kindess to our peoplesmilies/smiley.gifsmilies/smiley.gif
0
U Kyaw Thu
written by သန္တာဖြူ, November 03, 2009
ဦးကျော်သူ

ဖြောင့်မတ်သည်။
ရဲရင့်သည်။
ပြည်သူ ကိုချစ်သည်။

ထို့ ကြောင့်
ပြည်သူက သူ့ အနုပညာကို ချစ်သည်။
ပြည်သူက သူ့ စိတ်စေတနာကို တန်ဖိုးထားသည်။

ထို့ ကြောင့်
ဦးကျော်သူသည်
ပြည်သူက ချစ်သော ပြည်သူ့ သရုပ်ဆောင် ဖြစ်သည်။

ပျော်ရွှင်ပါစေ။
smilies/cheesy.gif
0
Happy brithday
written by OHN OHN KHAING, November 03, 2009
Dear U kyaw Thu,

i'd like to say ." HAPPY BRITH DAY "

May all your dreams come true.

OHN OHN KHAING , SWITZERLAND

0
...
written by bigcat, November 03, 2009
Ko Kyaw Thu,

You are a noble man.
0
nO,noT,nothinG
written by thwinnovel, November 02, 2009
Domastic bliss as accomplish as to be no comment!!!!!!!!!!!
well done , well done , well done U Kyaw Thu..
0
Happy birthday U kyaw Thu!!
written by aung kaung htet, November 02, 2009
ဦးကျော်သူကို လေးစားပီးသားပါ မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေ သက်တော်ရာကျော် ရှည်ပီးတော့ လူတွေရဲ့ ကောင်းကျိုးကို ပိုမို ဆောင်ရွက်နိုင်ပါစေဗျာ ..
0
Happy Birthday,Ko Kyaw Thu!!!
written by Po Po, November 02, 2009
Happy Birthday,Ko Kyaw Thu!!
Be happy and peaceful in your prosperous,happy and long life with your family and your beloved art to many many years!I wish you v heartily you can do all as much as you can without getting any obstructions.
We,myanmar people are all on your side and always encourage you.We all satified and glad to your kindness and love to all.We support your good deed to myanmar people very generously and I admire and respect you and you are my admirable,ideal person for me.Thank you so much,Ko Kyaw Thu and ah ma!God bless you!!!smilies/smiley.gif
0
Keep up your great job!
written by Shwe Pyi Thar , November 02, 2009
I really emulate you.
According to the Buddhism, merit-makers will never be overcome by bandits.
I believe , the real peace that you want, I want and the whole country want will get touch in Myanmar....Keep up your great job!

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

ဗမာတွေရဲ့ ကိုယ်တွင်း မကောင်းဆိုးဝါးများ

အမေ့ဗိုက်က ထွက်လာကတည်းက ကျုပ်တို့ ဗမာတွေဟာ မုသာဝါဒကို ရှောင်ကြဉ်ဖို့ သွန်သင် ဆုံးမတာ ခံခဲ့ရပါ တယ်။ အသက်လေး နည်းနည်းရလာပြီး ဘုရားကျောင်း ကန်ဆောက်၊ သံဃာများနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခါကျ တော့လည်း

အပြည့်အစုံသို့

နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် လိုသည်

၁၉၈၈ ခုနှစ် ကျောင်းသားများ ဦးဆောင်သည့် ဒီမိုကရေစီ အရေးတော်ပုံကြီးကို အကြမ်းဖက် ဖြိုခွဲခဲ့သည့် ၂၁ နှစ်မြောက်နေ့ အကြိုတွင် မြန်မာစစ်အစိုးရက လူသားချင်းစာနာမှု အခြေခံဖြင့်

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

နိုဝင်ဘာ ၂၀၊ ၂၀၀၉
၁ ဒေါ်လာ = ၉၆၀ ကျပ်
၁ ဘတ် = ၂၈.၆၀ ကျပ်