ပထမအကြိမ် အင်တာဗျူးလုပ်တော့ သူက စာပေနယ်နဲ့ ရုပ်ရှင်နယ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်၊ တိတိကျကျ ပြောရရင် သူ့ရဲ့ “စိတ်အိုင်ပက်သူ” ဆိုတဲ့ ဝတ္ထုစာအုပ် ထွက်ပြီးစပါ။
ကျမရဲ့ အယ်ဒီတာက ခိုင်းတာနဲ့ပဲ သူနဲ့ အင်တာဗျူးဖို့ သူနေတဲ့ သုဝဏ္ဏ တံတားကြီးဘေးက ရပ်ကွက်ကို ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက ကျမကို “စိတ်အိုင်ပက်သူ” ဝတ္ထုစာအုပ်တအုပ် သူ့လက်မှတ်နဲ့ လက်ဆောင်ပေးလိုက်ပါတယ်။ စိတ်အိုင်ပက်သူ ဝတ္ထုကို ရုပ်ရှင်ရိုက်တော့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အင်တာဗျူးတာဖြစ်ပေမယ့် တခြား အင်တာဗျူးနဲ့မဆိုင်တဲ့ အကြောင်းအရာတွေ၊ သူ့ရဲ့ အလွဲတွေနဲ့ သူ့ရဲ့ ဝတ္ထုတွေ အကြောင်း ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ပြောဖြစ်ခဲ့ကြပါတယ်။ အင်တာဗျူးသူနဲ့ အဗျူးခံသူ၊ စာရေးသူနဲ့ စာဖတ်သူ၊ စာနယ်ဇင်းလောကသားချင်း ဆိုတဲ့ အနေအထားနဲ့ သူနဲ့ကျမလည်း ရင်းနှီးမှုရခဲ့ပါတယ်။ အဲဒီတုန်းက သူ့ ဇနီးက ကိုယ်ဝန်အရင့်အမာကြီးနဲ့၊ သူ့အနေအထားက ရွှေခေတ် လို့ ပြောရတဲ့အချိန်။ နီကိုရဲရဲ့ ဇာတ်ညွှန်းတွေနဲ့ ဗီဒီယို ကားတွေ ဟောတကား၊ ဟောတကား ရိုက်ကူးထုတ်လုပ်နေချိန် … သိပ်ကို အောင်မြင်နေတဲ့ အချိန်လို့ ပြောလို့ရပါတယ်။ ၂၀၀၂ ခုနှစ် ဝန်းကျင်ပေါ့။
အဲဒီတုန်းက ကျမက ပေါ့ပ် ဂျာနယ်တစောင်မှာ ဆိုတော့ တချို့ ရုပ်ရှင်ရိုက်ကွင်းတွေအထိ သွားရတဲ့အခါမှာ သူနဲ့ ထပ်ဆုံဖြစ်၊ စကားတွေ ပြောဖြစ်ပါသေးတယ်။ သူနေတဲ့ အိမ်ရဲ့ နောက်ဖေး လမ်းမှာရှိတဲ့ မီးရထားလမ်းဘေးက ရပ်ကွက်ကို ရုပ်ရှင်သမားတွေက အခြေခံလူတန်းစား တွေနဲ့ ပတ်သက်တဲ့ ကားတွေရိုက်ဖို့ သုံးတတ်ကြပါတယ်။ အဲဒီနေရာကို ရိုက်ကွင်းတည်တဲ့အခါ စာရေးဆရာ နီကိုရဲရဲ့ အိမ်မှာ စတည်းချ ကြလေ့ရှိပါတယ်။ အဲဒီဘက်က ရိုက်ကွင်းတွေကို သွားရတဲ့အခါမှာလည်း ကျမက မင်းသမီးကို၊ မင်းသားကို၊ ဒါရိုက်တာကို သူ့အိမ်မှာ ထိုင်ပြီး ဗျူးဖြစ်ပါတယ်။ သူ့ရဲ့ မွေးခါစ သားလေးကိုလည်း ဝင်ကြည့်ဖြစ်ပါတယ်။ သူ့အနေအထားကတော့ စာပေနယ်၊ ရုပ်ရှင်နယ်မှာ အဆင်ပြေနေ ဆဲကာလပါပဲ။
အဲဒီနောက်တော့ ကျမ ပေါ့ပ်ဂျာနယ်ကနေ သတင်းဂျာနယ်လိုင်းဘက် ကူးဖြစ်ပါတယ်။ သတင်းတွေနဲ့ ရှုပ်နေတဲ့အချိန်မှာတော့ ကျမ စာရေးဆရာ နီကိုရဲနဲ့ နည်းနည်းအဆက်ပြတ်သွားပါတယ်။ ဒါပေမယ့် တခါတလေ မြို့ထဲက လက်ဖက်ရည်ဆိုင်မှာ၊ စာပေနယ်က တယောက်ယောက်ရဲ့ အသုဘ၊ မင်္ဂလာ အခမ်းအနားတချို့မှာ သူနဲ့ ခဏတဖြုတ်ဆုံမိ၊ နှုတ်ဆက်မိတာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် သူက အခမ်းအနားတွေဘာတွေလည်း သွားခဲတယ် ထင်ပါရဲ့၊ ကျမနဲ့ နောက်ပိုင်း သိပ်မဆုံဖြစ်ကြဘူး။
၂၀၀၄၊ ၂၀၀၅ ဝန်းကျင် တရက်မှာတော့ ကျမကို စာရေးဆရာမ ခက်မာက ဖုန်းဆက်လာပါတယ်။ “… နီကိုရဲက ပြောပြစရာတွေ ရှိနေတယ်၊ သူ နင့်ကို အင်တာဗျူးပေးချင်တယ်လို့ ပြောတယ်။ သွားလိုက်ပါလား၊ သူ့မှာ အခက်အခဲတွေလည်း အများကြီးရှိနေတယ်” လို့ မခက်မာက ပြောလာတော့ ကျမရဲ့ အယ်ဒီတာချုပ်ကို ခွင့်တောင်းပြီး သွားတွေ့ဖြစ်ပါတယ်။ အဲဒီတုန်းက သူနေတာ သုဝဏ္ဏ တံတားကြီးဘေးက ရပ်ကွက်က အိမ်မှာ မဟုတ်တော့ဘူး၊ သူ့မိဘတွေနေတဲ့ တောင်ဥက္ကလာပက အိမ်ကလေးမှာ ဖြစ်နေပြီ။
ကျမ လာတော့ သူဝမ်းပန်းတသာကြိုဆိုပါတယ်။ သူ့မှာ ပြောပြချင်တာတွေလည်း တော်တော်များနေပုံရတယ်။ ကက်ဆက် ရကော်ဒါ လေးကိုဖွင့်ပြီးတာနဲ့ သူ့ရဲ့ အခြေအနေတွေကို တရစပ်ပြောပြပါတယ်။ သူနဲ့ အင်တာဗျူးခဲ့တဲ့အတိုင်း လုံးစေ့ပတ်စေ့ “၏၊ သည်” မလွဲ ပြန်မဖော် ပြနိုင်ပေမယ့် အကြောင်းအရာ အဖြစ်အပျက်အားလုံးကိုတော့ ဒီနေ့ထိ ကျမ မမေ့သေးပါဘူး။
လုံးချင်းစာအုပ်တွေ ဟောတအုပ်၊ ဟောတအုပ်၊ ဗီဒီယိုဇာတ်ညွှန်းတွေ ဟောတကား၊ ဟောတကား ရေးသားနေရတဲ့ နာမည်ကြီး စာရေးဆရာ တယောက်အနေနဲ့ အိမ်တလုံးတော့ အပိုင်ရှိနေတယ်လို့ ကျမ ထင်ထားခဲ့ဖူးပေမယ့် သူနဲ့ အဲဒီအင်တာဗျူး လုပ်တဲ့အချိန်မှာတော့ ကျမရဲ့ အထင် လုံးဝ အလွဲကြီး လွဲနေတယ်ဆိုတာ သိလိုက်ရပါတယ်။
သူ့အိမ်လို့ ထင်ထားမိတဲ့ သုဝဏ္ဏ တံတားကြီးဘေး ရပ်ကွက်က အုတ်ခံ နှစ်ထပ်အိမ်ဟာ သူ့အိမ်မဟုတ်ပါဘူး။ သူ့ရဲ့ ထုတ်ဝေသူက နီကိုရဲ နာမည်ကြီးနေချိန်၊ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်မှာ သဘောကောင်းစွာနဲ့ “ညီလေး ဒီမှာနေပေါ့” ဆိုပြီးပေးနေထားတဲ့ အိမ်ဖြစ် ပါတယ်။
စာရေးဆရာ နီကိုရဲနဲ့ ထုတ်ဝေသူတို့ အနည်းငယ် မကျေမလည် ဖြစ်ချိန်မှာတော့ အဲဒီထုတ်ဝေသူက ချိုသာစွာနဲ့ပဲ “ညီလေးရေ၊ အစ်ကို စီးပွားရေး မပြေလည်လို့ ဒီအိမ်ကို ရောင်းတော့မလို့” ဆိုတဲ့စကားလေးနဲ့ အိမ်ပေါ်က ဆင်းခိုင်းလိုက်ပါတော့တယ်။
ဒါကတော့ ထုတ်ဝေသူနဲ့ စာရေးသူရဲ့ ပြဿနာပါ။ ဒီပြဿနာတွေကို စာရေးဆရာ နီကိုရဲက ကျမကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။ အိမ်ပေါ်က ဆင်းခိုင်းလိုက်တာဟာ စာရေးဆရာအတွက် ပြဿနာ လုံးဝမဟုတ်ပါဘူး၊ အဲဒီအိမ်က ဆင်းခဲ့ရပေမယ့် စာရေးဆရာဆီမှာ မိဘရဲ့ အိမ် ရှိနေပါသေးတယ်။ စာရေးဆရာအတွက် ပြဿနာကတော့ “စာမရေးရတော့တဲ့” ပြဿနာဖြစ်ပါတယ်။
ကျမ သူနဲ့ အင်တာဗျူးလုပ်တဲ့အချိန် ၂၀၀၄၊ ၂၀၀၅ ဝန်းကျင် လောက်ကနေစပြီး သူကွယ်လွန်တဲ့ ၂၀၀၉ အောက်တိုဘာ ၂၃ ရက်နေ့ အထိ နီကိုရဲ ဆိုတဲ့ နာမည်နဲ့ လုံးချင်းစာအုပ်အသစ် ထုတ်ခွင့် မရှိခဲ့ပါဘူး။ အဲဒီလို လုံးချင်းထုတ်ခွင့်မရှိအောင် သူ့ရဲ့ ထုတ်ဝေသူက စာပေ စိစစ်ရေးမှာ ပိတ်ပင်ခဲ့ပါတယ်။
စာရေးဆရာနီကိုရဲ ကိုယ်တိုင် သူ့ကလောင်တံ သူရိုက်ချိုးသလိုဖြစ်မယ့် လက်မှတ်ကို ထိုးခဲ့တဲ့ … ထုတ်ဝေသူနဲ့ သဘောတူညီချက် စာချုပ် မိတ္တူကို ကျမ ဖတ်ခဲ့ရပါတယ်။ အဲဒီသဘောတူညီချက်တွေ ထဲမှာ အရေးကြီးတာတချက်ကတော့ “ထုတ်ဝေသူနဲ့ စာရေးသူ သဘောတူညီ ထားတဲ့ စာအုပ်အရေအတွက် မထွက်ပြီးမချင်း နီကိုရဲ ဆိုတဲ့ နာမည်နဲ့ လုံးချင်းပဲဖြစ်ဖြစ်၊ မဂ္ဂဇင်းအခန်းဆက် ဝတ္ထုရှည်ပဲဖြစ်ဖြစ်၊ ရုပ်ရှင် ဇာတ်ညွှန်းပဲဖြစ်ဖြစ် ရေးသားထုတ်ဝေခြင်း မပြုရ” ဆိုတဲ့အချက်ပါ။
ထုတ်ဝေသူနဲ့ စာရေးသူ ပြေလည်နေစဉ်မှာတော့ ထုတ်ဝေသူက စာရေးဆရာနီကိုရဲရဲ့ စာအုပ်တွေကို တအုပ်ချင်း ထုတ်ပေးနေခဲ့ပါတယ်။ မပြေလည်တဲ့အချိန်မှာတော့ ထုတ်စရာလည်း စာအုပ် အဆင်သင့်ရှိနေရဲ့သားနဲ့ စာအုပ်တွေကို ဆက်မထုတ်ဘဲ ထားလိုက်ပါတယ်။
ဥပမာ - စာအုပ် ၉ အုပ်ချုပ်ထားတယ် ဆိုပါတော့၊ နီကိုရဲက ၉ အုပ် ရေးပေးပြီးပြီ၊ ထုတ်ဝေသူကို အပ်ပြီးပြီ၊ ထုတ်ဝေသူကလည်း စာရေးဆရာကို ၉ အုပ်စာ ကျသင့်ငွေ ရှင်းပေးလိုက်ပြီ။ ဒါပေမယ့် အဲဒီ ၉ အုပ်ကို ထုတ်ဝေ သူက တအုပ်ချင်း မျှင်းပြီး ထုတ်နေမယ်၊ စာရေးသူနဲ့ မပြေလည်ချိန် ၃ အုပ်၊ ဒါမှမဟုတ် ၂ အုပ်လောက် ထုတ်ဖို့ ကျန်သေးတဲ့အချိန်မှာ ဆက်မထုတ်ဘဲ ထားလိုက်တယ်။
အဲဒီမှာ စာရေးဆရာ နီကိုရဲ အနေနဲ့ ဘယ်ထုတ်ဝေသူနဲ့မှ ဆက်ထုတ်လို့ မရတော့ပါဘူး၊ ဘယ်သူ့ကိုမှ လုံးချင်းရောင်းခွင့် မရှိတော့ပါဘူး၊ ဘယ်လို မဂ္ဂဇင်းဝတ္ထုရှည်မှလည်း ရေးခွင့်မရှိတော့ပါဘူး။ ကျမရှေ့တင် သူ့ကို ထုတ်ပေးချင်တဲ့ ထုတ်ဝေသူ တယောက် ရောက်လာပါတယ်။ ဒါပေမယ့် အဲဒီ ထုတ်ဝေသူလည်း ဘာမှ မတတ်နိုင်ပါဘူး။ စာပေစိစစ်ရေးမှာ စာချုပ်ပြပြီး “နီကိုရဲ” နာမည်နဲ့ လုံးချင်းထုတ်ခွင့် ပိတ်လိုက်ပြီ ကိုး။
သူ့အနေနဲ့လည်း နီကိုရဲ ဆိုတဲ့ နာမည်ကလွဲလို့ တခြားနာမည်နဲ့ ဝတ္ထုတွေကို ရောင်းစားဖို့ အစီအစဉ်လုံးဝ မရှိဘူးလို့ ဆိုပါတယ်။
ကျမအထင်မမှားဘူးဆိုရင်တော့ သူ ကွယ်လွန်ပြီးမှ သူ့ရဲ့ စာအုပ်တွေ ထပ် ထွက်လာလိမ့်ဦးမယ်။ သူ့ ထုတ်ဝေသူက လက်ကျန် စာအုပ်ကလေးတွေကို အပြီးအပြတ်ထုတ်ပြီး သူနဲ့ ချုပ်ထားတဲ့စာချုပ်ကို ပြီးပြတ်အောင် လုပ်လိုက်ရင်ပေါ့လေ။ အဲဒီတုန်းက သူက စာအုပ်တွေ ထုတ်ခွင့်မရပေမယ့် စာတွေကတော့ ရေးနေမှာပဲလို့ ပြောခဲ့ပါတယ်။
“နီကိုရဲ ဆိုတဲ့နာမည်ဖြစ်အောင် တည်ဆောက်ခဲ့ရတာ အကြာကြီး၊ အခုမှ နောက်ထပ် နာမည်တခု ထပ် တည်ဆောက်ဖို့ မဖြစ်နိုင် တော့ဘူးဗျ” လို့လည်း သူ ကြေကြေကွဲကွဲ ပြောခဲ့သေးတယ်။ သူ့လိုပဲ အဲဒီထုတ်ဝေသူရဲ့ စာချုပ်အမိခံနေရတဲ့ နောက်ထပ်စာရေးဆရာ တယောက်အကြောင်း၊ သူတို့ထက်လည်ပတ်လို့ အဲဒီထုတ်ဝေသူရဲ့ စာချုပ်ကို လွတ်အောင်ရှောင်နိုင်တဲ့ နာမည်ကြီး စာရေးဆရာ တယောက် အကြောင်းတွေကိုပါ သူ ကျမကို ပြောပြခဲ့ပါတယ်။
စာရေးဆရာနီကိုရဲဟာ မကြည်ပြာနဲ့ ချစ်ခြင်းရဲ့နဂ္ဂတစ်များ ဆိုတဲ့ လုံးချင်းဝတ္ထုနှစ်အုပ်တွဲနဲ့ အောင်မြင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ အဲဒီဝတ္ထုကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ကြည်ပြာရောင်နဂ္ဂတစ်များဆိုပြီး ရုပ်ရှင် ရိုက်ခဲ့ပါတယ်။ သိကြားနဲ့ အသူရာ ဝတ္ထုကိုလည်း “ယောက္ခမဆိုတာ တခါတုန်းက သားမက်ပါပဲ” ဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်ကူး အောင်မြင်ခဲ့တယ်။ စိတ်အိုင်ပက်သူ ကလည်း ရုပ်ရှင်ကားကြီးပါပဲ။
နောက်ထပ် သူရေးခဲ့တဲ့ စာအုပ်တွေကို လက်လှမ်းမီသလောက် ဖော်ပြရရင် အိုလေး၊ ရည်းစားစာ (၀တ္ထုတိုစု)၊ သံစုံကျူးတဲ့ည၊ ကျနော်နှင့် လက်တွဲဖော်များ၊ ဇွတ်၊ ကျနော်နှင့် ဈေးသည် အလွဲများ၊ လွယ်အိတ်ထဲက အလွဲများ၊ ပန်းပွင့်ကို ဖယ်ကြည့်မှ မြင်ရမယ့် လမင်း၊ နှလုံးသားထဲ ကြွက်ဝင်နေသည်၊ နတ်ဆိုးတကောင်နဲ့ ရင်လွဲသူ၊ လှည့်စား၊ အိတ်၊ ဇက်ပေါ်က ဇီးသီး၊ လူနှင့် သူတို့၏ ဟာသများ ပဲ ဖြစ်ပါတယ်။
ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့ တွဲပြီး ရုပ်ရှင်ကားကြီးတွေ၊ ဗီဒီယိုကားတွေအဖြစ် ရိုက်ခဲ့တဲ့ သူ့ဝတ္ထုတွေ၊ သူ့ဇာတ်ညွှန်းတွေကို ပရိသတ်က အထူးအားပေးခဲ့ပါတယ်။ “လွဲတယ်” ဆိုတဲ့စကားက သူ့ရဲ့ မူပိုင်စကားလို ဖြစ်ခဲ့တာပါ။
အင်တာဗျူးစဉ်က ကျမသိချင်တဲ့ မေးခွန်းတခုကို မေးလိုက်မိတယ်။ နီကိုရဲ ရဲ့ ပရိသတ်တွေလည်း သိချင်မှာပဲ။ “ဆရာ့အနေနဲ့ စာချုပ်မှာ လက်မှတ်ထိုးတုန်းက သေချာမဖတ်ဘူးလား” ဆိုတဲ့ မေးခွန်းပါ။ သူ့ရဲ့အဖြေက ကြေကွဲဖို့ကောင်းပါတယ်။ ဟာသ ဝတ္ထုရေးဆရာတယောက်နဲ့ အင်တာဗျူးရတာ ဖြစ်ပေမယ့် အဲဒီအင်တာဗျူးမှာ ကျမ မပျော်ပါဘူး။
စာရေးဆရာ နီကိုရဲဟာ သိပ်ကိုရိုးသားပြီး သူတပါးကိုလည်း ခင်မင်လွယ်၊ ယုံလွယ်ပါတယ်၊ သူ့စာတွေမှာ သူ့ရဲ့ ရိုးသားမှုတွေ ထင်ဟပ် နေပါတယ်။ သူ့ရဲ့ ဇာတ်ကောင် ရဲဝင်းဟာ သူကိုယ်တိုင်ပါပဲ။ သူ့ရဲ့ ဝတ္ထုတွေထဲမှာ သူဟာ ရိုးသားစွာလွဲသလို အပြင်လောကမှာလဲ သူ လွဲပါတယ်။ အပြင်လောကက အလွဲကတော့ စာချုပ်မှာ လက်မှတ်ထိုးတဲ့အချိန် ခင်မင်မှုနဲ့ အဲဒီစာချုပ်ကို သေချာမဖတ်တဲ့ အလွဲပါ။
ထုတ်ဝေသူအပေါ် ယုံကြည်မှုနဲ့ “ငါ့ကိုတော့ ဆိုးဆိုးရွားရွား မလုပ်လောက်ပါဘူး” ဆိုတဲ့အတွေး (လက်မှတ်ထိုးတဲ့အချိန်မှာ အရက်မူး နေတာလည်း ပါတယ်လို့ဆိုပါတယ်) ကိုတွေးရင်း လက်မှတ် ထိုးပေးလိုက်တာပါ။
အဲဒီစာချုပ်မှာ ဘာတွေပါတယ်ဆိုတာ သူ့ကလောင် အပိတ်ခံရချိန်၊ စာချုပ်ချုပ်ပြီး နှစ်တော်တော်ကြာ သူ့လက်ထဲကို ထုတ်ဝေသူက စာချုပ်လာပြတော့မှ သိရတယ် ဆိုတော့ ကျမ တော်တော် အံ့သြမိပါတယ်။ လွဲလိုက်လေခြင်းဆိုတဲ့ ကရုဏာ ဒေါသလည်း ဖြစ်မိပါတယ်။ ဒါပေမယ့် ဘာမှ မတတ်နိုင်တော့ပါဘူး။ သူလေးစားတဲ့ “နားလည်မှု၊ ခင်မင်မှု၊ ယုံကြည်မှု” ဆိုတာတွေကို စာချုပ်ဆိုတဲ့ စာတရွက်က အနိုင်ယူ သွားပါပြီ။
ကျမရဲ့ အင်တာဗျူးလည်း စာမျက်နှာပေါ် တင်ခွင့်မရလိုက်ပါဘူး။ စာရေးဆရာ နီကိုရဲရဲ့ အသံတွေကတော့ ကျမ ချန်ထားခဲ့တဲ့ ဂျာနယ်တိုက်ရဲ့ ထောင့်တနေရာမှာ ရှိနေပါလိမ့်မယ်။
ခုတော့ သူလည်း နှလုံးရောဂါနဲ့ ကွယ်လွန်တယ်လို့ဆိုပါတယ်။ အသက် ၄၃ နှစ်ဆိုတဲ့နှစ်အပိုင်းအခြားကတော့ ငယ်လွန်းသေးတယ်လို့ ပြောလို့ရတယ်။ တကယ်ဆို ဒီအသက်အရွယ်က စာတွေ အင်နဲ့အားနဲ့ ရေးရမယ့် အရွယ်ပါ။
စာရေးဆရာတယောက်ရဲ့ ဘဝဟာ စာမှ မရေးရတော့ဘူးဆိုရင် ဘယ်လိုမှ အဓိပ္ပာယ် မရှိနိုင်တော့ပါဘူး။ စာတွေ ရေးနေပေမယ့် သူရေးတဲ့စာတွေကို ပရိသတ်ကို ချပြခွင့် မရဘူး ဆိုရင်လည်း စိတ်ချမ်းသာ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းနေမှာပဲလို့ ကျမ တွေးမိတယ်။
ရေနံချေးဝနေတဲ့ သစ်သားအိမ်နံရံမှာ အစီအရီကပ်ထားတဲ့ သူ့စာအုပ် မျက်နှာဖုံးပုံ အဟောင်းလေးတွေကို ကျမ ခုထိ မြင်ယောင်နေဆဲပဲ။ ။
written by myo, November 02, 2009
This the worst story i have ever heard.I wonder how hard he was feeling if the story is correct as said because he could not show his art to his people quite long time. The other authors should be careful to avoid such as case.
written by pl, October 30, 2009
sithusoe ပြောသလို ပြသာနာတိုင်းမှာ အဖြေရှိပါတယ်။ ဒါမှမဟုတ် သူနဲ့ ထုတ်ဝေသူကြားမှာ နောက် ပြော မပြနိုင်တဲ့ အလွဲတွေ ရှိနေသေးနို င်တာလဲ ဖြစ်နိုင်တာပဲ။ ခက်တာက ကျွန်မတို့ တိုင်းပြည်က တရားစီရင်ရေးက တရားစီရင်သူ တွေဆီက အဖြေထွက်ဖို့ဆိုထက် ပိုက်ဆံရှိသူတွေ၊ အာဏာရှိသူတွေ လိုချင်တဲ့ အဖြေကိုပဲ ထွက်နေတာကတော့ ခက်လှတယ်။ ပိုက်ဆံ မရှိတဲ့ လူတွေက ဘယ်လိုလုပ် တရား စီရင်ရေးကို အနား ကပ်နိုင်မှာလဲ။ ကျွန်မ ကိုယ်တိုင် ခံခဲ့ရတာမို့လို့ ကျွန်မတို့ တိုင်းပြည်က တရား စီရင်ရေးကို အတော်လေးကို အယုံအကြည် မရှိတော့ပါဘူး။ အနုပညာ လောကကို ပိုက်ဆံရှိပြီး စေတနာ နည်းတဲ့လူတွေ ၀ိုင်း ဖျက်စီး နေကြတာ အပြင်ဘက်က သာမန် လူတွေတောင် မြင်နေရတာ အနုပညာရှင်တွေ အသိဆုံြး ဖစ်မှာပါ။
written by Ye` Yint Htun, October 30, 2009
တကယ်ကို ၀မ်းနည်းစရာ ပါပဲဗျာ။
ကျွန်တော့် အတွက်တော့ အလေးစားရဆုံး စာရေးဆရာ တစ်ယောက်ပါ။
ကျွန်တော့် အတွက်တော့ အလေးစားရဆုံး စာရေးဆရာ တစ်ယောက်ပါ။
written by မောင်မောင် (မလေးရှား), October 30, 2009
ဆရာနီကိုရဲ အတွက် ထုတ်ဝေသူရဲ့  နာမည်ကို သေချာအောင် စုံစမ်းပြီး ဖေါ်ထုတ်ပေးကြပါ အဲဒါမှ ထုတ်ဝေသူက အများအမြင် ကို ထွက်လာမှာ မဖော်ထုတ်နိုင် ရင်သူက အေးအေးဆေးဆေး နေ နေလိမ့်မယ်
written by မီးအိမ်, October 30, 2009
ငွေရှိပြီး အများချစ်တဲ့ အနုပညာရှင်ကိုမှ မတရား လုပ်တယ်။ ဒီလို လူမျိုးတွေ ရှိလို့လည်း နအဖလည်း ကြာရှည် ခံနေတာ။ ကိုယ်ချင်း စာနာစိတ် မရှိလိုက်တာ။ ဘာပဲဖြစ်ဖြစ် သေချာပါတယ်။ စာဖတ် ပရိသတ်တွေက ဆရာနီကိုရဲကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ဆရာနီကိုရဲရဲ့ မျှော်လင့်ချက် ကလည်း ပရိသတ်ပါပဲ။ ပရိသတ်ရဲ့ ရင်ထဲမှာ ဆရာအမြဲ ရှိနေမှာပါ။ ငွေကိုကြည့်တဲ့ ထုတ်ဝေသူ ကတော့.. သူ့ လောဘနဲ့သူ. သူ့ မတရားမှုနဲ့သူ.. ဒီဘ၀မှာပဲ တဘ၀စံဖြစ်မှာပါ..
written by Zo Khup, October 30, 2009
I last saw him in 1995 at Layhtangone. Many publishers are like his , they bribe Press Secrutiny Board and control writers. Nay Ko Yay is an NLD supporter, may be that was the hidden cause.
written by Yangon Tar(တာမွေ), October 30, 2009
ဆရာ နီကိုရဲ ရိုးသားတယ် ......... အရည်ချင်း ပြည့်တယ် ဆိုတာ စာရေးသူ ဖေါ်ပြသလိုပဲ သူ့ရဲ့ အရေး အသား ဇာတ်ကောင်တွေ မှာ ပေါ်လွင်နေတာ ဟုတ်ပါတယ်။ သူ့လို၊ တာရာမင်းဝေလို စာရေးဆရာ တွေကြမှ.... အနိစ ရောက် စောလွန်း လိုက်ကြတာ။ (၀မ်းနည်းမှုများစာနှင့်......)
လောဘ သားကောင် တွေရဲ့.......... လက်ဖ၀ါးအောက်က... တို့မြန်မာ ပြည်သားတွေ... အမြန်ဆုံး ကျွတ်ရ ပါစေ...........
လောဘ သားကောင် တွေရဲ့.......... လက်ဖ၀ါးအောက်က... တို့မြန်မာ ပြည်သားတွေ... အမြန်ဆုံး ကျွတ်ရ ပါစေ...........
written by sithusoe, October 30, 2009
ကျွန်တော် အထင်တော့ဒီစာချုပ် ကိစ္စက ခက်ခဲလှ တဲ့ပြသနာ တစ်ခုတော့ မဟုတ်ပါဘူး။
သူက စာအုပ် အပြည့်လည်း ရေးသားေ ပးခဲ့တယ်၊ အဲ့ဒီ စာအုပ် အားလုံးဖိုး တွေကိုလည်း အကြေအလည် ရရှိပြီးလို့ (၁)သို့ (၂)နှစ် စောင့်ပြီးချိန် အထိ ထုတ်ဝေသူက လက်ကျန် စာအုပ်ကို ထုတ်ဝေ မပေးဘူးဆိုရင် လွယ်ကူပါတယ်၊ သတင်းစာကနေပြီး အဲ့ဒီစာချုပ်ပါ အချက် အလက် တွေကို ဖေါ်ပြမယ်၊ စောင့်ခဲ့ရတဲ့ နှစ်ကို ဖေါ်ပြမယ်၊ ပြီးရင် ဘယ်နေ့ နောက်ဆုံးထားပြီး စာအုပ် အားလုံး ထုတ်ဝေပေးပါ လို့ အကြောင်းကြားစာကို ထည့်မယ်၊ ပြီးတော့ ထုတ်ဝေသူ ဆီကိုလည်း အကြောင်းကြားစာ ပို့မယ်၊ နောက် တရားရုံးကနေပြီး စာချုပ်ကို ပယ်ဖျက်ပေးစေလိုမှု့ တရားစွဲမယ်၊ သူရဲ့ အကြောင်း ပြချက်တွေကလည်း သူ ဖေါ်ပြခဲ့သလို ခိုင်မာမယ်၊ သက်သေလည်း ပြည့်စုံမယ် ဆိုရင် တရားလိုရဲ့ ရပိုင်ခွင့်တွေ ဥပဒေမှာ ပြဌန်းထားပြီးသား ဖြစ်လို့ သူ အနိုင်ရမှာဘဲ၊ ဒီအကြောင်းကို သူလို နာမည်ကြီးသူ တစ်ယောက် အနေနဲ့ ကြိုက်တဲ့စာနယ်ဇင်း၊ ကြော်ငြာတွေမှာ ထုတ်ချပြခွင့် ရှိတယ်၊ အချက် အလက် မှန်တဲ့ ပေါ်မှာ အခြေခံပြီး လုပ်တဲ့ အလုပ်က အောင်မြင်မှာ မလွဲဘဲ၊
ဒါမှမဟုတ် သူ ထုတ်မပြောပြချင်တဲ့ သူနဲ့ ထုတ်ဝေသူကြားမှာ အလွဲတွေ ရှိနေသေးတယ် ဆိုရင်တော့ မသိဘူးပေါ့။

written by စာပေချစ်သူ, October 30, 2009
ကိုရဲဝင်းရဲ့ သတင်းကြားရတာ အမှန် ဘဲလားဗျာ.. .မယုံနိုင်လောက်အောင်ပါဘဲ။
ထုတ်ဝေသူက လူသားချင်း ကိုယ်ချင်း စာနာမှုကင်းမဲ လွန်းတယ်ဗျာ..
ကိုရဲဝင်းရြဲ့ ဖူစင်တဲ့ စိတ်ထားကို စော်ကားလိုက်တာဘဲ.... ယုံကြည်မှုကို အလွှဲသုံးစား လုပ်လိုက်တာဘဲဗျာ...
ဒီသတင်းကို အင်တာနက်စ်ပေါ်မှာ အားလုံး သိအောင် ဖြန့်မယ်ဗျာ... မတရားမှုကိုတော့ လက်ပိုက်ကြည့် မနေနိုင်ဘူး....
တရား မျှတမှုတော့ ရှိရမှာ ပေါ့..... အနုပညာသမားတွေ အပေါ် ဂုတ်သွေးစုပ်နေတဲ့ ဝိသမ လောဘသားတွေ မြန်မြန်ကျဆုံးပါစေ

written by ထွန်းထွန်း, October 29, 2009
စာအုပ်အရေအတွက် ပြည့်အောင် ပေးထားပြီးတဲ့နောက် ထုတ်ဝေသူက အချိ န်ဆွဲနေရင် အဲဒီစာချုပ်ဟာ တရား မဝင်နိုင်ဘူး။ ပဋိညာဉ် ဥပဒေအရ ပျက်ပြယ်မယ်လို့ ထင်တယ်။ ဘာလို့များ ရှေ့နေနဲ့ မတိုင်ပင်ပါလိမ့်။ ဥပဒေကို မယုံကြည်လို့ မသုံးကြတာလား။ စိတ်ဝင်စားစရာပါပဲ။ ဒီလို ညစ်ရင် ရစတမ်းတဲ့လား။
written by JiBs, October 29, 2009
ကိုစည်သူစိုး ခင်ဗျ။
အစ်ကို ပြောခဲ့တဲ့အချက် အလက်တွေက တရားနည်းလမ်း ကျပါတယ်။ အသိဥာဏ်နဲ့ ယှဉ်ပြီး ပြောဆိုခဲ့တယ် လည်း ယုံကြည်ပါတယ်။ ဒါပေမဲ့ လက်တွေ့  ဘဝမှာတော့ အဲ့ဒီလောက် လွယ်ကူမယ် လို့ တော့ မထင်ဘူးခင်ဗျ။ မြန်မာပြည်က တရားရုံး ဆိုတာ အမြဲတမ်း အမှန်တရားဘက်ကနေ ရပ်တည်ပေးမယ်လို့  ထင်သလားဗျ။ ပြီးတော့ ဒီခေတ်မှာ တရားရုံး တက်တယ် ဆိုတာက ကျွန်တော်တို့  ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ ပေါင်ချိန် ရုပ်ရှင်ကားလို မပာုတ်ဘူးခင်ဗျ။ ငွေကို ရေလို သုံးစွဲရတယ်။ နေရာတကာ. .ငွေ...ငွေ။
ရှေ့ နေတွေဌား ...စာရွက် စာတမ်းတွေ. ...ရုံးချိန်တွေလိုက်... .
ပာုတ်ကဲ့ ........ ငွေကြေး အခက်အခဲရှိတဲ့ လူနဲ့  ငွေကြေးရှင်နဲ့  တရား ရင်ဆိုင်ကြတဲ့အခါ ငွေကြေးရှင်က တရားသဖြင့် ယှဉ်ဆိုင်မယ်လို့  ယူဆပါသလား ခင်ဗျ?။ ပြီးတော့ ငွေကြေးရှင်က သူ့  နာမည်တစ်လုံး မဆုံးရှုံးဖို့  အတွက် အရာရာကို ရွှေလမ်းငွေလမ်း ခင်းလိုက်တဲ့အခါမှာ ကျွန်တော်တို့  မြန်မာနိုင်ငံက တရားသူကြီးတွေ လာဘ်ထိုးခြင်းကို လုံးဝလက်မခံပဲ တရား မျှတစွာ ဆုံးဖြတ်ချက် ချပေးနိုင်မယ် ထင်ပါသလား?။ ပာုတ်ကဲ့...အဲ့ဒီလို တရား မမျှတမှုတွေ ဖြစ်လာရင် နောက်ဆုံး ကျွန်တော်တို့ ချစ်တဲ့ နိုင်ငံကျော် စာရေးဆရာ ကိုနီကိုရဲ ပဲ အထိ နာပါမယ် ခင်ဗျာ။ ကျွန်တော်ကတော့ အဲ့ဒီလိုယူဆပါတယ် ခင်ဗျ။ အမှားပါရင် ခွင့်လွှတ်ပါ။
အစ်ကို ပြောခဲ့တဲ့အချက် အလက်တွေက တရားနည်းလမ်း ကျပါတယ်။ အသိဥာဏ်နဲ့ ယှဉ်ပြီး ပြောဆိုခဲ့တယ် လည်း ယုံကြည်ပါတယ်။ ဒါပေမဲ့ လက်တွေ့  ဘဝမှာတော့ အဲ့ဒီလောက် လွယ်ကူမယ် လို့ တော့ မထင်ဘူးခင်ဗျ။ မြန်မာပြည်က တရားရုံး ဆိုတာ အမြဲတမ်း အမှန်တရားဘက်ကနေ ရပ်တည်ပေးမယ်လို့  ထင်သလားဗျ။ ပြီးတော့ ဒီခေတ်မှာ တရားရုံး တက်တယ် ဆိုတာက ကျွန်တော်တို့  ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ ပေါင်ချိန် ရုပ်ရှင်ကားလို မပာုတ်ဘူးခင်ဗျ။ ငွေကို ရေလို သုံးစွဲရတယ်။ နေရာတကာ. .ငွေ...ငွေ။
ရှေ့ နေတွေဌား ...စာရွက် စာတမ်းတွေ. ...ရုံးချိန်တွေလိုက်... .
ပာုတ်ကဲ့ ........ ငွေကြေး အခက်အခဲရှိတဲ့ လူနဲ့  ငွေကြေးရှင်နဲ့  တရား ရင်ဆိုင်ကြတဲ့အခါ ငွေကြေးရှင်က တရားသဖြင့် ယှဉ်ဆိုင်မယ်လို့  ယူဆပါသလား ခင်ဗျ?။ ပြီးတော့ ငွေကြေးရှင်က သူ့  နာမည်တစ်လုံး မဆုံးရှုံးဖို့  အတွက် အရာရာကို ရွှေလမ်းငွေလမ်း ခင်းလိုက်တဲ့အခါမှာ ကျွန်တော်တို့  မြန်မာနိုင်ငံက တရားသူကြီးတွေ လာဘ်ထိုးခြင်းကို လုံးဝလက်မခံပဲ တရား မျှတစွာ ဆုံးဖြတ်ချက် ချပေးနိုင်မယ် ထင်ပါသလား?။ ပာုတ်ကဲ့...အဲ့ဒီလို တရား မမျှတမှုတွေ ဖြစ်လာရင် နောက်ဆုံး ကျွန်တော်တို့ ချစ်တဲ့ နိုင်ငံကျော် စာရေးဆရာ ကိုနီကိုရဲ ပဲ အထိ နာပါမယ် ခင်ဗျာ။ ကျွန်တော်ကတော့ အဲ့ဒီလိုယူဆပါတယ် ခင်ဗျ။ အမှားပါရင် ခွင့်လွှတ်ပါ။ written by Ko Ko, October 29, 2009
လောကကြီးမှာ (လောကကြီးမှာလို့ ပြောရင် နည်းနည်းကလေး ကြီးကျယ်ေ နမလားလို့၊ ပြန်ပြင် ပြောမယ်)
မြန်မာပြည်မှာ ပြည်သူချစ်တဲ့ ထင်ပေါ် ကျော်ကြား လူသိများသူတွေ အသက်မရှည်ဘဲ (သက်ရှိ ထင်ရှားတဲ့ သူတွေလည်း ရှိနေပါသေးတယ်နော်)၊ ပြည်သူ မုန်းတဲ့ ကမ္ဘာမှာ နားမည်ဆိုးနဲ့ ကျော်ကြား နေသူတွေ (အဲ ဟုတ်ဘူး၊ လွဲပြန်ပါပြီ) မြန်မာပြည်မှာ နာမည်ဆိုးနဲ့ အော့ကြောလန် ကျော်ကြားေ နသူတွေကျတော့ သက်ဇိုဝ်း ရှည်နေတာ ဘာကြောင့်ပါလဲ ခင်ဗျာ။
နား မလည်နိုင်အောင်ပါပဲ။
အင်းပေါ့လေ ကြောင်တာ တောင်မှ တစ်ကောင်ထဲ ကြောင်တာမှ မဟုတ်ဘဲ။ ၂ ကောင် ကြီးများတောင် ကြောင်တာ ဆိုတော့ နီကိုရဲလို နာမည်ရ လူငယ် စာရေးဆရာများ ခံရတာပေါ့ဗျာ။
နောက်ထပ် ထွက်လာမယ့် နှောင်း စာရေးဆရာများ သင်ခန်းစာ ယူကြပေါ့ဗျာ။ ဘာတတ်နိုင်တော့မှာလဲ

written by Myanmar Pyi Thar, October 29, 2009
To Sithu,
Your advice is 100% correct.
But, for someone like Ne Ko Ye who faced money problem, it's not practical (impossible)
All of us should boycott Ko Myo (He may open another Publishing House)
Your advice is 100% correct.
But, for someone like Ne Ko Ye who faced money problem, it's not practical (impossible)
All of us should boycott Ko Myo (He may open another Publishing House)
written by Biologically Bright, October 28, 2009
Who will be the third unfortunate one?
Killing does not only means killing with weapons. If someone killed a person's happiness, it can gradually lead he or she to end up with death. Who is that curel producer?
Killing does not only means killing with weapons. If someone killed a person's happiness, it can gradually lead he or she to end up with death. Who is that curel producer?
written by soemoetwin, October 28, 2009
ဒီသတင်းကို လွန်ခဲ့တဲ့နှစ် တော်တော်ကြာ ကတည်းက ကြားဖူုးနေပါတယ်။
ဆရာနီကိုရဲ ...အဖြစ်ကို တွေးမိတိုင်း
အသည်းနာတယ်။ ဒီသတင်းကို တတ်နိုင်သလောက် ဖြန့်မယ်..
ဆရာနီကိုရဲ ...အဖြစ်ကို တွေးမိတိုင်း
အသည်းနာတယ်။ ဒီသတင်းကို တတ်နိုင်သလောက် ဖြန့်မယ်..
written by Aye Chan, October 28, 2009
I think the producer is " KO MYO". Somebody who knows can speak out bout who that producer is?
written by mg, October 28, 2009
People said publisher is Two Cats. This writer should disclose who is the publisher.
written by Chotuu Mar, October 28, 2009
The interviewer should reveal the wicked publisher's name.
Ne-ko-ye gave him 9 drafts as promised in agreements. He should not be controlled like this.
Also, "sar-pae-si-sit-yae" should step in some action like giving the publishers time frame, for example: to publish Ne-ko-ye's books within three years as promised in agreement or one book per six months, or at least one book a year (still too long).
I wrote some when I was in Burma and dealed with one publisher. He knew nothing about books and literature. He knew some big writers' names as money bags, that's all. Never read the books he was publishing and no idea about what the story based on.
Very very deeply sorry to hear about "Ne-ko-ye".
May he and "Tara-minn-wai" rest in peace and if there were next life, may they reborn in US and become worldwide famous authors or Pulizer award winners!!!
May Buddha bless them.

written by ကရင်လေး, October 28, 2009
ကိုထွန်းအောင် ပြောသလိုဘဲ. ဒီလို အကျင့်ပျက်တဲ့ ထုတ်ဝေသူရဲ့ နာမည်ကို အများ သိအောင် ထုတ်ဖေါ် ရေးသားသင့်တယ်။ ဒါမှ ပြည်သူချစ်တဲ့ စာရေးဆရာတွေကို နောက်ထပ် သတ်နေမှု ရပ်တန့်နိုင်မှာ ဖြစ်ပါတယ်။
written by aung aung, October 27, 2009
ကျေးဇူးပြုပြီး ဒီဆောင်းပါးကို ရှိရှိတမျ block တိုင်းမှာ upload လုပ်ပေးကျပါ။ ဒီအင်မတန်မှ ရုပ်မာတဲ့ producer ကို မြန်မာ စာပေ လောကမှ မောင်းထုတ်ပေးကျပါ။ နိကိုရဲ စာအုက် အတစ် ထွက် လာရင် လဲ ebook လုပ် ပီး share ကြပါ။ download လုပ်ပြီး ဖတ်ကြပါ။ upload all the ebook from that producer. Stop buying or reading from the book shop.
written by ဟင်နရီ, October 27, 2009
ခုလိုညစ်ပြီး အောင်မြင်ချင်တယ် ဆိုလဲ တခြား စီးပွားရေးတွေမှာ သွားလုပ်ပေါ့ဗျာ...
အနုပညာ လောကမှာ တော့ မလုပ်သင့် ပါဘူးဗျာ....
စာရေးဆရာကောင်း တယောက် ဘ၀ ပျက်အောင် (အခုဆို အသက်ပါ ဆုံးအောင် )လုပ်တာ တော့ လွန်လွန်းတယ်ဗျာ ....
စာပေကို မမြတ်နိုးတဲ့ (တန်ဖိုး မထားတတ်တဲ့) ထုတ်ဝေသူတွေ ရှိ နေသမျှ တော့ မြန်မာ့ စာပေ အတွက် ရင်လေးစရာဘဲဗျာ...
နိုင်ငံခြားမှာဆို ဆရာ နီကိုရဲ လောက် အောင်မြင်တဲ့ စာရေးဆရာ ဆိုတာ သန်းကြွယ် သူဌေးတောင် ဖြစ်နေပါပေါ့....
ဆရာ နီကိုရဲ တယောက် ကောင်းရာ သုဂတိလားပါစေ....
စေတနာမွန်ဖြင့်....

written by Hnin Nu, October 27, 2009
နှင်းနု မသိသေးတဲ့ နှင်းနု ကြိုက်တဲ့ စာရေးဆရာ နီကိုရဲ ရဲ့ ကန့်လန့်ကာ နောက်ကွယ်က အကြောင်းလေးတွေ ဖော်ပြပေးလို့ ကျေးဇူး အများကြီး တင်ပါတယ်။ ဆရာ နီကိုရဲ ဆုံးပါးသွားလို့ စိတ်မကောင်း သလို သူ့အကြောင်းလေးတွေ သိရတော့ ပို စိတ်မကောင်း ဖြစ်ရပါတယ်။
written by ဇော်အောင်, October 27, 2009
"အဲဒီ ထုတ်ဝေသူရဲ့ စာချုပ်အမိခံနေရတဲ့ နောက်ထပ် စာရေးဆရာ တယောက် အကြောင်း၊ သူတို့ထက် လည်ပတ်လို့ အဲဒီ ထုတ်ဝေသူရဲ့ စာချုပ်ကို လွတ်အောင် ရှောင်နိုင်တဲ့ နာမည်ကြီး စာရေးဆရာ တယောက် အကြောင်းတွေကိုပါ သူ ကျမကို ပြောပြခဲ့ပါတယ်"........
ပထမတစ်ယောက်က ကျွန်တော်တို့ ချစ်တဲ့ အကို တာရာမင်းဝေ၊ နောက်တစ်ယောက်က ဆရာ မင်းခိုက်စိုးစံ.... ထုတ်ဝေသူက ဘယ်သူလဲ သိချင်ရင် .. သူတို့ရဲ့ စာအုပ် ထုတ်ဝေရေးကို ကြည့်လိုက်ပါ... စိတ်ထဲ ရှိတိုင်း ပြောရရင် .. "ရက်စက်တယ်ဗျာ"... ထုတ်ဝေသူ အနေနဲ့ စာပေမျက်နှာ၊ စာငတ်နေတဲ့ စာဖတ် ပရိတ်သတ် မျက်နှာ ကို ကြည့်စေချင်ပါတယ်

written by sukasonnine, October 27, 2009
I am so sorry for Ko Ye Win.
I want to know who is his publisher,Two Cats or not.
Anyway,Ni Ko Ye never DIES.
I want to know who is his publisher,Two Cats or not.
Anyway,Ni Ko Ye never DIES.
written by win aung, October 27, 2009
စာရေးဆရာ နှစ်ယောက်ကို သတ်တဲ့ အဲ့ဒီ ထုတ်ဝေသူ ဘယ်သူ ဖြစ်ကြောင်း ထဲ့သွင်း ရေးသား ဖော်ပြသင့်။
written by စာဖတ်သူတစ်ဦး, October 27, 2009
၂၀၀၄၊ ၂၀၀၅ ဝန်းကျင် လောက်ကနေ စပြီး သူကွယ်လွန်တဲ့ ၂၀၀၉ အောက်တိုဘာ ၂၃ ရက်နေ့ အထိ နီကိုရဲ ဆိုတဲ့ နာမည်နဲ့ လုံးချင်း စာအုပ် အသစ် ထုတ်ခွင့် မရှိခဲ့ပါဘူး။
အဲဒီစာကြောင်းကို ဖတ်ပြီး အင်မတန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်
ဘယ်လိုပဲ ပုဂ္ဂိုလ်ရေး အကြောင်းပြချ က်တွေရှိရှိ အဲဒီလို စာရေးဆရာတစ်ယောက်ကို မချုပ်ခြယ်သင့်ပါဘူး
ကိုယ်ချင်း စာတတ်ရင်ပဲ ဘယ်လိုန ည်းနဲ့မှ မလုပ်သင့်တာ ထင်ရှားနေပါတယ်
အဲဒီ ထုတ်ဝေသူ ဆိုသူကို မီဒီယာ ထုတ်ဝေခြင်းနဲ့ ပတ်သက်ပြီး ဘာမှမလုပ်ရဘူးလို့ တားမြစ်ခံရတ ယ်ဆိုပါစို့
သူဘယ်လို ခံစားချက် ရပ်တည်ချက်နဲ့ များ ရှေ့ဆက် သွားမလဲ...

written by tin thiri, October 27, 2009
ဆရာနီကိုရဲ အဖြစ်လေးက သိပ်ကို ကြေကွဲစရာပါ..ဒီလိုဘဲ ကြုံ ခဲ့ ကြသူတွေ ကော ဘယ်လောက် များခဲ့ ပါပြီ လဲ...ငွေရှင်တွေ ရဲ့ စာပေ စိစစ်ရေးကို သြဇာ ညောင်းမှုတွေက ပြောရင် မယုံနိုင် လောက်အောင် ပါဘဲ။ ဒိထက် ဆန့် ထွက် တွေးရရင်တော့..စနစ်အပျက်ကြီးနဲ့ အဲဒီ စနစ်ရဲ့ လက်ဝေခံ လူတွေ ရဲံ့  အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစား တွေ ကို မြင်ကြရမှာပါဘဲ။
ဝမ်းနည်း ကြေကွဲ ခံစားရပါတယ်။
ဝမ်းနည်း ကြေကွဲ ခံစားရပါတယ်။
written by Thura, October 27, 2009
Can you speak out who is that producer !!!!!!!
Just let the public know him by name.
Just let the public know him by name.
written by PTS, October 27, 2009
for this post make me feel sorry for Ne Ko Yee........
so pity for our very honesty n simple good writer.....
i wish to him for the next life not to have this similar problem....
i guess he passed away by (heart attack) was because of this case......
so pity for our very honesty n simple good writer.....
i wish to him for the next life not to have this similar problem....
i guess he passed away by (heart attack) was because of this case......
written by Aye Chan, October 27, 2009
I feel so sad to read this article. I m also shocked to learn that such a talented and honest writer is confined by a cunning producer. May you find yourself in heaven, Ne Ko Ye!!
written by စိုးဇေယျထွန်း , October 27, 2009
နီကိုရဲကတော့ ကျွန်တော် အကြိုက်ဆုံး စာရေးဆရာထဲက တစ်ယောက်ပါ။ သူစာအုပ်တွေ တော်တော် များများ ဖတ်ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်း သူ့စာအုပ်တွေ မထွက်တော့ဘူး ဆိုတာကို သတိထားမိတယ်။ ထုတ်ဝေသူ နဲ့ကြားမှာ ပြသနာရှိနေလို့တဲ့။ ဘာပြသနာ ဆိုတာ အသေချာ မသိရလို့ ဘာမှန်း မသိခဲ့ဖူး။
အခုဒီထဲမှာ ရေးထားတဲ့ အတိုင်းသာ မှန်မယ်ဆိုရင် ဒါက ကျင့်ဝတ် မရှိတဲ့ လုပ်ရပ်ပဲ။ လူတစ်ယောက်ကို မကျေနပ်ဘူး ဆိုရင်တောင် အဲလို ယုတ်မာတာ မကောင်းပါဘူး။
အခုလို ညစ်ပြီး စာအုပ်တွေ မထုတ်တော့ နီကိုရဲ့ တစ်ယောက်တည်းကိုမှ ထိခိုက်တာ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးက နီကိုရဲ ရဲ့ စာအုပ် ကို ကြိုက်တဲ့ စာဖတ်ပရိတ်သတ် တွေလဲ အများကြီး နစ်နာပါတယ်။

written by thantsin, October 26, 2009
ကြားရတာ အတော့်ကို ကြေကွဲစရာ လွဲချော်မှုပါပဲ.......
written by သန်.စင်, October 26, 2009
ဖတ် ရ တာ အဖြစ်မှန် စစ်စစ် ဆိုရင် ဆရာနီကိုရဲ အတွက် တကယ့်ကို ကြေကွဲ စရာပါပဲဗျာ။
written by kaka, October 26, 2009
ထုတ်ဝေသူကလည်း ယုတ်မာလိုက်တာ။ သေချာပါတယ်. .. နီကိုရဲ နာမည်နဲ့ လက်ကျန် စာအုပ်တွေကိုတော့ သူ့ (ထုတ်ဝေသူ)စီးပွားရေး အတွက် ထုတ်ဦးမှာပါ။
written by Ko Nyo, October 26, 2009
စာပေစိတ်၊ အနုပညာစိတ်နဲ့  စာဖတ်သူ အပေါ် စေတနာ မရှိဘဲ စာပေ အနု ပညာ သမားတွေ အပေါ် စီးပွားရှာ ဂုတ်သွေးစုတ်တဲ့ ထုတ်ဝေသူ လူညစ်တွေ ဗမာပြေမှာရှိနေတာ ကြာဘဲ ကြာလှပြီ၊ မသေနိုင်ကြဘူး။
မတရား စာချုပ်တွေ ကျဆုံးပါစေ။
ကိုညို (အော်စလို)
မတရား စာချုပ်တွေ ကျဆုံးပါစေ။
ကိုညို (အော်စလို)
written by မောင်သန်., October 26, 2009
အနုပညာ သမားတွေ နဲ. ငွေထုတ်ပိုက် တွေ ကြားက မရိုး မအီနိုင်တဲ့ ၀မ်းနည်းစရာ ဇာတ်လမ်း တခုပါဘဲ။
သင်းပင်း စုဖွဲ.ခွင့် မရတာရယ် ဥပဒေစိုးမိုးမှု မရှိတာရယ်ေ တွကြောင့် ဖြစ်နေရတာပါဘဲ။
Intellectual Property အသာထားလို. အခြေခံလူ.အခွင်ံ့အရေး လေးတောင် မရှိတဲ့ တိုင်းပြည်မှာ လူ လာဖြစ်တဲ့ နီကိုရဲ ၄၃ နှစ်နဲ. ထွက်သွားတာ လွတ်မြောက်ေ၇း ရသွားတာ တမျိုးပါ။
ကျန်တဲ့လူတွေ ဆရာနီကိုရဲထက် ကံဆိုးပါတယ်ဗျာ။
သုဂတိဘုံကနေ အလွဲ တွေ ဆင်ခြင်နေပါတော့။

written by Chit Suu May, October 26, 2009
ခုလို ဖွင့် ဖော်ချလိုက်တာ အမတန် ကောင်းပါတယ်။ ကြားရသလောက် ဒီထုတ်ဝေသူ သတ်လိုက်တာ နာမည်ကြီး လူငယ်စာရေးဆရာ ၂ ယောက်ကို ရှိသွားပြီ။
Write comment
| < Prev | Next > |
|---|

Rest in Peace.
Shall never get life of misfortune again.