အဆိုပါ ခရိုအေးရှား နိုင်ငံသား နည်းပြ ဒရာဂိုမာမစ် လက်ထက်တွင် မြန်မာ ဘောလုံး အသင်းသည် တိုးတက်မှု မရှိကြောင်း၊ အသင်းငယ်များနှင့် ခြေစမ်းပွဲများ ကစားရာ တွင်ပင် ရှုံးနိမ့်ခဲ့သည့် အတွက် ထုတ်ပယ်ရခြင်း ဖြစ်ကြောင်း မြန်မာ ဘောလုံး အဖွဲ့ချုပ်၏ ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက ဧရာဝတီသို့ ပြောသည်။“နည်းပြက ကစားသမား တွေရဲ့လက်ရှိ အနေအထားနဲ့ တဘက် အသင်းရဲ့ ကစားကွက် ကိုလည်း မခန့်မှန်းနိုင်ဘူး”ဟု ၎င်းကဆို သည်။
နည်းပြ ဒရာဂိုမာမစ်အား ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် စာချုပ်ချုပ်ဆိုပြီး ခေါ်ယူခဲ့ကြောင်း၊ သို့သော်လည်း မြန်မာ့လက်ရွေးစင် ကစားသမားများနှင့် ကိုက်ညီသည့် ကစားကွက်ကို မဖော်ဆောင် နိုင်ကြောင်း ဦးစိုးမိုးက ပြောသည်။
ယခုအခါ ယခင်နည်းပြဟောင်းဖြစ်သည့် ဦးတင်မြင့်အောင်ကို ပြန်လည် တာဝန်ပေးအပ်ခဲ့သည်ဟု သိရသည်။
ဦးတင်မြင့်အောင်သည် ၁၉၉၃ ခုနှစ်က စကာင်္ပူနိုင်ငံတွင် ကျင်းပသော(SEA GAME ) တွင် ဒုတိယရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ ကစားသမားဟောင်းတဦးဖြစ်ပြီး နာမည်ကြီး ဘဏ္ဍာအခွန် ဘောလုံးအသင်းသားဟောင်း တဦးလည်း ဖြစ် သည်။
ယခု ဖေဖော်ဝါရီလအတွင်း သီရိလကာင်္နိုင်ငံ ကိုလံဘိုမြို့တွင် ကျင်းပမည့် အာရှ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဖလား (AFC Challenge Cup 2010) ပြိုင်ပွဲအတွက် အုပ်စုတွင်း ခြေစစ်ပွဲများတွင် အောင်မြင်မှု ရရှိရန် နည်းပြချုပ်တာဝန်ယူခဲ့ပြီး လာအို နိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲတွင် နည်းပြ ဒရာဂိုမာမစ်၏ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် မကြာသေးမီရက်ပိုင်းက ထိုင်းနိုင်ငံတွင် ခြေစမ်းပွဲများ ကစားရာ ထိုင်းပရီးလိဂ်မှ ဆိပ်ကမ်း အသင်းကို ၄ဂိုး ၁ဂိုးဖြင့် လည်းကောင်း၊ ထိုင်းတော်ဝင်တပ်မတော်အသင်းအား ၃ဂိုး ဂိုးမရှိဖြင့်လည်းကောင်း ရှုံးနိမ့်ခဲ့သည်။
ပြီးခဲ့သည်လက တောင်ကိုရီးယားနိုင်ငံ အူလ်ဆန် တက္ကသိုလ် အပျော်တမ်းဘောလုံးအသင်းနှင့် ခြေစမ်းပွဲ နှစ်ပွဲ ကစားရာ နှစ်ပွဲစလုံးရှုံး နိမ့်ခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်း၏ အုပ်ချုပ်သူ ဦးမောင်မောင်ကလည်း “ဒရာဂိုမာမစ်က နည်းဗျူဟာပိုင်း တချို့မှာ အမှားအယွင်းလုပ်ခဲ့ တယ်”ဟု Soccer Myanmar အင်တာနက်သတင်းစာမျက်နှာ တွင်ဖော်ပြထားသည်။
ယခုကဲ့သို့ နည်းပြ ဒရာဂိုမာမစ်အား လက်ရှိ နည်းပြချုပ်ရာထူးမှ ထုတ်ပယ်လိုက်ခြင်းကြောင့်၊ မြန်မာ့လက်ရွေးစင်အသင်းသားများ အနေဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြန်လည်တက်ကြွလာနိုင်ကြောင်း ဦးမောင်မောင်က သုံးသပ်သည်ဟု အဆိုပါ အင်တာနက် သတင်းစာတွင် ဆက်လက်ရေးသားထားသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးကလည်း“ဥက္ကဋ္ဌ ဦးဇော်ဇော်က အသင်းနည်းပြ ကို မြန်မာနည်းပြနဲ့ အပြောင်း အလဲလုပ်မယ်လို့ အသင်းသားတွေကို ကြေညာတော့ အားလုံးက သဘောတူတယ်”ဟု ပြောသည်။
မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ရှူံးပွဲများနေသည့်အတွက် နည်းပြအပြောင်းအလဲ ပြုလုပ်သည်မှာ မှန်ကန်သည်ဟု ပြောနိုင် ကြောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ယခင်ကတည်းက မြန်မာလူမျိုးနည်းပြအား ခန့်သင့်ကြောင်း အားကစား ကလောင်ရှင် ခင်မောင်ထွေး(ပျဉ်းမနား)ကပြောသည်။
“ဥရောပသားတွေက သူ့စံနဲ့သူတို့လုပ်တာ၊ ဘာသာ စကားလည်း တယောက်နဲ့တယောက် နားလည်တာမဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။
မြန်မာဘောလုံးအဖွဲ့ချုပ်အနေဖြင့် နိုင်ငံခြားသားနည်းပြများ ငှားရမ်းရာတွင် ငွေကြေးအခက်အခဲကြောင့် သွားရောက် လေ့လာ ပြီးမှ ခေါ်ယူခြင်းမဟုတ်ဘဲ၊ကိုယ်ရေးရာဇ၀င်ကိုသာ ကြည့်ရှု ငှားရမ်းခြင်း ဖြစ်သည့်အတွက် ချွတ်ယွင်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း ၊ ထို့ကြောင့် မိမိအသင်းနှင့် ကိုက်ညီသည့် မြန်မာနည်းပြများကိုသာ အရည်အသွေးမြှင့်တင်ခြင်း၊ နည်းပြလိုင်စင်ရရှိရန်အတွက် ပြုလုပ်စေခြင်းသည်သာ မြန်မာ့ဘောလုံးလောက တိုးတက်ရန်အတွက် အကောင်းဆုံးနည်းဖြစ်ကြောင်း ဦးခင်မောင်ထွေးက ထောက်ပြပြောဆိုသည်။
ဤသတင်းအား ဧရာဝတီ သတင်းထောက် မျိုးမောင် ပူးပေါင်း ရေးသားသည်။
Set as favorite
Bookmark
Email this
Hits: 6709
written by ကမ်းယံ (သို့) ဝါးပင်အောက်ကလူ, February 09, 2010
“ဥရောပသားတွေက သူတို့စံနဲ သူတို့လုပ်တာ၊ ဘာသာစကားကလ ည်းတစ်ယော က်နဲ့တစ်ယောက်
နားလည်တာမဟုတ်ဘူး”
“မြန်မာနည်းပြများကိုသာ အရည်အသွေြး မှင့်တင်ခြင်း၊ နည်းပြလိုင် စင်ရရှိရန်အတွ က်ပြုလုပ်စေခြင်း”
စတာတွေကိုဖတ်ရလို့ေ တွးမိတာက -
၁။ ဥရောပသားတွေရဲ့ စံက မကောင်းလို့လား၊ အတုယူစရာတွေ မရှိဘူးလား၊
၂။ ဘာသာစကား မတူတော့ ဘော့လုံး သမားတွေ အတွေ့အကြုံ မရဘူးလား၊ (ဥပမာ - နိုင်ငံတကာပွဲ
တွေကန်ရလို့ ဒိုင်လူကြီး ပြောတာမှ ကိုယ့်လူတွေ နားမလည်ရင် အရှက်တွေ ကွဲနေမလား)
၃။ နည်းပြတွေကို အရည် အသွေးမြှင့်တော့ သူတို့ထက်ပိုတတ်၊ ပိုတော်သူတွေကို မတွေ့ဖူးပဲ
အရည်အသွေးမြင့်လာနိုင်မလား၊ နည်းပြ လိုင်စင်ကော ရနိုင်လောက်ပါ့မလား၊
အနိုင်ရဖို့ ဆိုတာကတော့ နောက်ဆုံး အလိုချင်ဆုံး ပန်းတိုင်ပေါ့။
ဒါပေမယ့် အနိမ့်ဆုံးနေနဲ့ အတွေ့အကြုံကို တန်ရာဈေးနဲ့ ပေးဝယ်ဖို့တော့ လိုမှာပါဘဲ။
တွေးကြည့်တာပါ၊ မှားရင်လဲ ဝိုင်းဆော်ကြပေါ့။
ကျုပ်တို့ ရွာမှာတော့ ဘော့လုံးကွင်းကို လနဲ့ချီပြီး ပွဲလုပ်၊ လောင်းကစားဝိုင်းတွေ ဖွင့်ထားကြလို့
ဘော့လုံး မကစားရတာ ကြာလှပေါ့။
နားလည်တာမဟုတ်ဘူး”
“မြန်မာနည်းပြများကိုသာ အရည်အသွေြး မှင့်တင်ခြင်း၊ နည်းပြလိုင် စင်ရရှိရန်အတွ က်ပြုလုပ်စေခြင်း”
စတာတွေကိုဖတ်ရလို့ေ တွးမိတာက -
၁။ ဥရောပသားတွေရဲ့ စံက မကောင်းလို့လား၊ အတုယူစရာတွေ မရှိဘူးလား၊
၂။ ဘာသာစကား မတူတော့ ဘော့လုံး သမားတွေ အတွေ့အကြုံ မရဘူးလား၊ (ဥပမာ - နိုင်ငံတကာပွဲ
တွေကန်ရလို့ ဒိုင်လူကြီး ပြောတာမှ ကိုယ့်လူတွေ နားမလည်ရင် အရှက်တွေ ကွဲနေမလား)
၃။ နည်းပြတွေကို အရည် အသွေးမြှင့်တော့ သူတို့ထက်ပိုတတ်၊ ပိုတော်သူတွေကို မတွေ့ဖူးပဲ
အရည်အသွေးမြင့်လာနိုင်မလား၊ နည်းပြ လိုင်စင်ကော ရနိုင်လောက်ပါ့မလား၊
အနိုင်ရဖို့ ဆိုတာကတော့ နောက်ဆုံး အလိုချင်ဆုံး ပန်းတိုင်ပေါ့။
ဒါပေမယ့် အနိမ့်ဆုံးနေနဲ့ အတွေ့အကြုံကို တန်ရာဈေးနဲ့ ပေးဝယ်ဖို့တော့ လိုမှာပါဘဲ။
တွေးကြည့်တာပါ၊ မှားရင်လဲ ဝိုင်းဆော်ကြပေါ့။
ကျုပ်တို့ ရွာမှာတော့ ဘော့လုံးကွင်းကို လနဲ့ချီပြီး ပွဲလုပ်၊ လောင်းကစားဝိုင်းတွေ ဖွင့်ထားကြလို့
ဘော့လုံး မကစားရတာ ကြာလှပေါ့။
written by Htet Naing Oo, February 08, 2010
ကိယ့်နိုင်ငံက လူကိုယ်တိုင်ဦးဆောင်နိုင်ရင် ပိုကောင်းတာပေါ့ မဟုတ်လား မြန်မာနိုင်ငံ တိုးတက် ကြီးပွားသေား အာကစား နိုင်ငံကြီး တစ်ခု ဖြစ်ပါစေ
written by မင်းမင်း, February 06, 2010
ဘာပဲ ပြောပြော၊ မြန်မာနိုင်ငံ ဘောလုံး အသင်း အနိုင် ရအောင် ဆိုတဲ့ ရည်ရွယ်ချက် ကိုတော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ၀င်ရောက် စွက်ဖက်မှုတွေ ဒီလောက် များပြားနေတဲ့ တိုင်းပြည်မှာ နည်းပြ လုပ်ရတဲ့ လူတွေကတော့ လွတ်လပ်မှု မရှိမှာ သေချာတယ်။ ကိုတင်မြင့်အောင်ကို သဘော ကျပါတယ်။ လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးထား ဖို့ပဲ အရေးကြီးတယ်။ မြန်မာ နိုင်ငံသား တစ်ယောက် အနေနဲ့ ဘယ်သူ့ လက်ထက်မှာပဲ ဖြစ်ဖြစ် ဘောလုံးအသင်း ကိုတော့ နိုင်စေချင်သဗျား။ မြန်မာဘောလုံး လောက တိုးတက်ပါစေ။
Write comment













