ကချင်ပြည်နယ်၏ အနားသတ်မျဉ်း

E-mail Print

ဝေးလံသီခေါင်သော မြန်မာနိုင်ငံကချင်ပြည်နယ်မြောက်ဖျားရှိ တောင်ကြားလွင်ပြင်တခု၏အဆုံးတွင် ရွာငယ်လေးတရွာ ရှိပါသည်။ ထိုရွာသူရွာသားများသည် ရန်ကုန်နှင့် နေပြည်တော်မှ အဖြစ်အပျက်များကို များစွာမသိကြပါ။ နိုင်ငံ၏မြို့တော် ရန်ကုန်ကို အစားထိုးရန် ကြီးကျယ်လှစွာသော

အဆောင်အယောင် အခမ်းအနားများဖြင့် စစ်အစိုးရမှ တည်ဆောက်ခဲ့သော နေပြည်တော်ဆိုသည်ကို သူတို့ကြားပင်ကြားဖူးကြမည် မဟုတ်ပါ။

တဟွန်းဒမ်ဟုခေါ်သော ထိုတိဗက်ကျေးရွာကလေးသို့ ကျနော်ရောက်ခဲ့စဉ်က ရွာတွင် အိမ် ၁၀ အိမ်မျှသာ ရှိပါသည်။ ထိုရွာကလေးသို့ရောက်ရန် ကချင်ပြည်နယ်မြောက်ပိုင်းဒေသကို ၁၄ ရက်ကြာ ပြင်းထန်ခက်ခဲလှသော ခြေလျှင်ခရီး ကြမ်းကြီးကို ခက်ခက်ခဲခဲဖြတ်သန်းပြီးမှ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။

နှိုင်းယှဉ်လျှင် ရှန်ဂရီလာနှင့်တူသည်ကို မငြင်းနိုင်သော်လည်း ရွာသားများ၏ဘ၀မှာ ကြမ်းတမ်းဆင်းရဲ လှပါသည်။ ရွာသား များသည် မသပ်မရပ် ဟိုတလုံးဒီတလုံး ဖြစ်သလိုဆောက်ထားသော သစ်လုံးအိမ်များတွင် နေထိုင်ကြပါသည်။ လျှစ်စစ်မီး လုံးဝ မရှိပါ။ မိန်းမများက တောင်ယာလုပ်ကြပြီး ယောက်ျားများက အဆိပ်လူးမြားများဖြင့် အမဲလိုက်ကြပါသည်။

သို့သော် ပြင်ပကမ္ဘာမှ လူများသည် မြန်မာနိုင်ငံ၏ အမေ့ခံထောင့်စွန်းသို့ ရောက်အောင် ချင်းနင်းဝင်ရောက်လာ နေကြပြီ ဖြစ်ပါသည်။ ထိုရွာကလေးသည် မီတာ ၆,၀၀၀ မြင့်သော ခါကာဘိုရာဇီတောင်ကို အစွဲပြု၍ မှည့်ခေါ်ထားသည့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဘေးမဲ့တောတခုအတွင်း ပါဝင်နေသော အစိတ်အပိုင်းလည်း ဖြစ်ပါသည်။ နေပြည်တော်က လည်း ထိုဒေသကို တောင်တက်သမားများ၊ ခြေလျှင်တောင်တက်သူများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စူးစမ်းရှာဖွေလေ့လာသူများအတွက် ဖွင့်လှစ်ပေးနေပြီဖြစ်ပါသည်။ တနှစ်လုံး ရေခဲဖုံးလွှမ်းနေသော ထိုတောင်တန်း၏ အောက်ခြေတွင် ရေခဲပြင်လျှောစီးအပန်းဖြေစခန်းတခု တည်ဆောက်မည့် စီမံကိန်းပင်ရှိသည်ဟု ကောလာဟလသတင်း များလည်း ထွက်နေပါသည်။

ထိုရွာသားတဦးဖြစ်သော ညာမာဂျိုဆိုင်းသည် ဂျပန်တောင်တက်သမား တာကာရှီ အိုဇာကီနှင့်အတူ ၁၉၉၆ ခုနှစ်တွင် ခါကာဘိုရာဇီတောင်ထိပ်ကို ပထမဦးဆုံး တက်ရောက်အောင်မြင်ခဲ့သူဖြစ်သည်။ ယခုအထိ ၎င်းတို့တဖွဲ့တည်းသာ တောင်ထွတ်ကို အောင်မြင်စွာခြေချနိုင်ခဲ့သေးသည်။ ထိုတောင်တက် ခရီးစဉ်တွင် ကူညီလမ်းပြခဲ့ကြသော ညာမာဂျိုဆိုင်း နှင့်ရွာသားသုံးလေးဦးတို့သည် ၎င်းတို့၏ တောင်ကြားချိုင့်ဝှမ်း အပြင်ဘက်သို့ စွန့်စားခရီးထွက်ဖူးသူ အနည်းစုထဲတွင်
ပါဝင်သည်။ ၎င်းတို့သည် တောင်တက်ခရီးအောင်ပွဲခံ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခံကြရသဖြင့် အလှမ်းဝေး လှသော ရန်ကုန်နှင့် မြစ်ကြီးနားမြို့များသို့ ရောက်ဖူးခဲ့ကြခြင်းဖြစ်သည်။

တဟွန်းဒမ်ရွာသည် ထိုဒေသတွင်တည်ရှိသော တိဗက်ရွာ ၄ ရွာအနက် တရွာဖြစ်သည်။ ကျန် ၃ ရွာသည် ခပ်လှမ်းလှမ်းရှိ ကချင်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံ အာရုဏချယ် ပရာဒေ့ရှ်ပြည်နယ်တို့ကို ဆက်သွယ်ထားသော ဆိုင်းကူချိုင့်ဝှမ်းလွင်ပြင်တွင် တည်ရှိသည်။ ထိုရွာများကို ၁၉၅၀ ခုနှစ်များအတွင်း တရုတ်တို့ က ကျူးကျော်သိမ်းပိုက်၍ ဖိနှိပ်မှုကြောင့် စားဝတ်နေရေး ခက်ခဲသဖြင့် ထွက်ပြေးလာကြသော တိဗက်လူမျိုးများက တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။ ၁၉၉၀ ခု နှစ်လယ်ပိုင်းတွင် မြန်မာနိုင်ငံအစိုးရက၎င်းတို့အား မှတ်ပုံတင်ကတ်ပြားများ ထုတ်ပေးခဲ့သည်။

တဟွန်းဒမ်ရွာတည်ရှိနေသော ချိုင့်ဝှမ်းလွင်ပြင်သည် မီတာ ၂,၀၀၀ ကျော်အမြင့်တွင် တည်ရှိသော်လည်း ၎င်းတို့နေထိုင်ခဲ့ ကြရသော ဟိမ၀န္တာတောင်ထွတ်များနှင့်စာလျှင် မြေနိမ့်လွင်ပြင် ဖြစ်သည်။ မြေဆီသြဇာ ကြွယ်ဝလှသော တောင်ပေါ် မြေတွင် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ စိုက်ပျိုးရေးအတွက် လိုအပ်သောရေကို ပတ်ပတ်လည်ရှိ နှင်းဖုံးတောင်တန်းများနှင့် ရေခဲတောင်တန်းများမှ မြစ်ဖျားခံပြီး လွင်ပြင်ကိုဖြတ်စီးနေသော အဒွန်ဝမ်မြစ်မှ ရေခဲ တမျှအေးစက်နေသောရေကို သွယ်ယူအသုံးပြုကြသည်။

တောင်စောင်းများတွင်ပေါက်ရောက်နေသော သစ်တောများသည် ရွာသားများအတွက် ကြီးစွာသော အထောက်အပံ့ ဖြစ်ပါ သည်။ ရွာသားများသည် သမင်အမျိုးမျိုး၊ တောင်ဆိတ်များ၊ နွားရိုင်းများ၊ လင်းနို့ကြီးများနှင့် အခြား မြောက်မြားလှစွာသော သားရိုင်းတိရစ္ဆာန်များကို အမဲလိုက်ဖမ်းဆီး၍ ရှင်သန်နေထိုင်ကြသည်။ ၁၉၀၀ နှင့် ၁၉၅၀ ခုနှစ်များအတွင်း ထိုဒေသတွင် စူးစမ်းရှာဖွေလေ့လာမှုများပြုလုပ်ခဲ့သည့် ဗြိတိသျှလူမျိုး ရုက္ခဗေဒပညာရှင် ဖရန့် ကင်းဒွန်ဝပ်က မြန်မာနိုင်ငံ၏ ဤဒေသ သည် ရုက္ခမျိုးစိတ်ပေါင်း ၇,၀၀၀ ကျော်နှင့် ရာနှင့်ချီသော နို့တိုက်နှင့်တွားသွား သတ္တ၀ါမျိုးစိတ်များ ရှင်သန်ပေါက်ဖွားရာ နေရာဖြစ်သည်ဟု ခန့်မှန်းခဲ့သည်။ အချို့မျိုးစိတ်များမှာ တဟွန်းဒမ်ရွာသားများကဲ့သို့ပင် စူးစမ်းလေ့လာရှာဖွေမည့်သူကို စောင့်မျှော်နေကြဆဲ ဖြစ်ပါတော့သည်။

၂၀၀၇ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ Wolfgang H Trost ရေးသားသော World’s End in Kachin State ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

 

Comments (3)Add Comment
0
...
written by Lin, December 11, 2009
Cheer!
Good article.
I feel happiness and sadness at the same time.
No matter what happen, thanks!
0
exotic Kachin State
written by cobe, July 16, 2009
Great article... I hope Kachine State maintain iher pristine beauty and survive.
0
My valuable land
written by wunli, May 06, 2009
My valuable land, I worry for my Kachin Land, because SPDC.

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
Last Updated ( Wednesday, 22 October 2008 17:51 )  

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်