အကြံပိုင်သော ချိုကုပ်

E-mail Print
ချင်းမိုင် ရောက်နေသော ချိုကုပ် ဒူးကြီးက ၉ နဝင်း ကြေရန်ဟု ဆိုကာ ညကလပ် ၉ ခု၊ ၃၇ မင်းအား ရည်ရွယ်၍ အနှိပ်ခန်း ၃၇ ခန်းနှင့် ၁၁ မီးငြိမ်းရန်ဟု ဆိုကာ ရေချိုးခန်း ၁၁ ခန်းကို တညတည်း အပြီး သွားချင်သည် ဆိုသောကြာင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ လိုက်ပို့ နေရသဖြင့် မောပန်း နေကြသည်။ ချင်းမိုင်တွင် ရေချိုးခန်းက ၁၁ ခန်း မပြည့် သောကြောင့် ရှိသမျှ အပေါင်း အသင်းများ၏ အိမ်ဂေဟာ များမှ ရေချိုးခန်းများ ကိုပါ လိုက်ပို့ရသေးသည်။

ချိုကုပ်။     ။ ဟတ် … ဟတ် … ဟတ် … ဟတ်ချိုး ...။ အခန်းပြန်ရအောင် ဖိုးရှုပ်ရေ။

ဖိုးရှုပ်။     ။ (ရေချိုးကန်ထဲမှ ချက်ချင်း ခုန်ထွက်လာပြီး ချမ်းလွန်းသဖြင့် မေးရိုက်သံဖြင့်) ဂတ် ဂတ် ဂတ် ဂတ် ... ပြန် … ပြန် သင့်ပြီပေါ့ ချိုကုပ်ဒူးကြီးရယ်။

ကြွက်စုတ်ဆီက ဘာအသံမှ မထွက်နိုင်တော့။ ထိုစဉ် သူတို့ရှေ့တွင် တစုံတခု ဘွားခနဲ ပေါ်လာသည်။ “ဟာ … ဦးရုက္ခစိုးကြီး” ဆိုသည့်အသံ သုံးယောက်လုံးထံမှ ထွက်လာသည်။

ရုက္ခစိုး။     ။ မင်းတို့ ပျောက်လို့လိုက်ရှာနေတာ ငါဖြင့် ဖတ်ဖတ်ကို မောနေတာပဲ။

ကြွက်စုတ်။     ။ ကျနော်တို့လည်း ချိုကုပ်ဒူးကြီးနှိပ်စက်လို့ ဖတ်ဖတ်ကို မောနေတာပဲ။

ရုက္ခစိုး။     ။ ချိုကုပ်ဒူးကြီးက ဘယ်လိုဖြစ်ပြီး ချင်းမိုင်ရောက်နေတာလဲ ကျုပ်တောင် မသိလိုက်ရပါလား။

ချိုကုပ်။     ။ ဒီကိစ္စက ဦးရုက္ခစိုးကြီး သိစရာမလိုဘူးလေ။ ဒီနှစ်ယောက်နဲ့တင် ပြီးတယ်။ ကျုပ်ကို ဗေဒင်ဆရာက ချင်းမိုင်သွား ယတြာချေရမယ် ဆိုလို့ ရောက်နေတာ။ ဒီညတော့ ကိစ္စပြီးပါပြီ။

ရုက္ခစိုး။     ။ ဘာလုပ်ဖို့ ယတြာချေရပြန်တာလဲ။

ချိုကုပ်။     ။ ယတြာချေရင် အညံ့မှန်သမျှပျောက်မယ်၊ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်မယ် ဆိုလို့လေ။ တိုက်လေယာဉ်တစင်းကလည်း ပျက်ကျထားတယ် မဟုတ်လား။

ကြွက်စုတ်။     ။ ဒါကတော့ တရုတ်က သံစည်ပိုင်းပြတ်ထုပြီး လုပ်ပေးလိုက်တဲ့ လေယာဉ်ပျံကိုး။ ပျက်ကျမှာပေါ့။

ချိုကုပ်။     ။ တော်သေးတယ်၊ ကျုပ်မြေး ဖိုးလောက်လန်းက တက်စီးမယ်တကဲကဲ လုပ်နေတာ။ ကျုပ်ကနေဦး၊ တယောက် ယောက် အရင်စီးခိုင်းကြည့်ပြီး ပျက်မကျမှ စီးပါလို့ တောင်းပန်လိုက်လို့။ အောင်မလေး … ခုထိ ရင်တုန်တုန်းပဲ။

ရုက္ခစိုး။     ။ ချိုကုပ်ဒူးကြီးက ချင်းမိုင်ရောက်နေတော့ တိုင်းရေးပြည်ရေး ကိစ္စတွေကို ဘယ်သူလုပ်မလဲဗျ။

ဦးရုက္ခစိုး မေးခွန်းထုတ်အပြီးတွင် ကြွက်စုတ်တို့ နှစ်ဦးသားမှာ ရေချိုးခန်းတန်ခိုးဖြင့် ဟတ်ချိုးချေနေကြသည်။ စာမျက်နှာ အခက်အခဲကြောင့်ကော၊ စာဖတ်သူ မျက်စိရှုပ်သွားမည် စိုးသောကြောင့်ပါ ထည့်မရေးတော့ပါ။

ချိုကုပ်။     ။ မှာစရာရှိတာ အကုန် ပြည်ထဲရေးဝန် မောင်ပြူးကို မှာခဲ့တယ်လေ။ မောင်ပြူးက စိတ်ချရတယ်။ ကျုပ် မှာတဲ့အတိုင်း တလွဲမသွေဘဲ။

ရုက္ခစိုး။     ။ ဒါနဲ့ နိုဝင်ဘာလမှ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမှာလို့ ချိုကုပ်မောင်ပြူးက ကြံ့ဖွံ့တွေကို ပြောသွားတယ်နော်။ အဲဒါ တကယ်လား။

ချိုကုပ်။     ။ အဲဒါလည်း ယတြာချေတာပဲဗျ။ ဟဲဟဲ။

ရုက္ခစိုး။     ။ တကယ်က နိုဝင်ဘာဆို သူလွတ်ရမယ့် အချိန်ပဲ မဟုတ်ဘူးလား။

ချိုကုပ်။     ။ ဟုတ်တယ်လေ။ ဗေဒင်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါမယ်လို့ ပြောရမယ်တဲ့။ အဲဒါကြောင့် သူလွတ်ရမယ့်အချိန်မှာ လွှတ်မယ်လို့ ပြောလိုက်တယ်။

ကြွက်စုတ်။     ။ သြော် တော်တော့်ကို စေတနာ ဗရပွနဲ့ပါလား။

ဖိုးရှုပ်က နှာချေရပ်သွားသည့် ခဏတွင် “ဒါဆို ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာမှ တကယ်လွတ်ပြီပေါ့နော်” ဟု အတင်းဝင် မေးသည်။ သူက သတင်းထောက်ဆိုတော့ ထိုကိစ္စ ချိုကုပ်ဒူးကြီးပြောသည် ဆိုပြီး သတင်းလုပ်ရန်ဖြစ်သည်။

ကြွက်စုတ်။     ။ မင်းကလည်း အမှတ်မရှိ မေးပြန်ပြီ။ ကဗျာဆရာစောဝေတောင် လွတ်ရက်စေ့ပေမယ့် လွှတ်တာမှ မဟုတ်တာ။

ရုက္ခစိုး။     ။ လွှတ်မယ် ပြောထားတော့ တခုခုတော့ လုပ်မှဖြစ်မှာပေါ့။ မဟုတ်ရင် ခင်ဗျားကတိမတည်ဘူးလို့ အပြောခံရမယ်။

ချိုကုပ်။     ။ အာ … ကျုပ်က ကတိပေးတာမှ မဟုတ်ဘဲ။ မောင်ပြူး အရူးထပြီး လျှောက်ပြောတာပါလို့ ပြောလိုက်မှာပေါ့။

ကြွက်စုတ်။     ။ NLD က ရွေးကောက်ပွဲ ဝင်ချင်ဝင်မှာ ဆိုပြီး ပြောသေးတယ်နော်။ အဲဒါလည်း ယတြာပဲလား။

ချိုကုပ်။     ။ ဒါကတော့ ယတြာမဟုတ်ပါဘူး။ တကယ်ပြောတာပါ။ သူတို့ ထပ်တိုးတဲ့ စီအီးစီတွေ ကြည့်ပြီး အေးအေး ဆေးဆေး နိုင်တော့မယ်ဆိုတာ သိလို့ ဝဲလ်ကမ်းမင်း လုပ်သလိုလို ဘာလိုလို ရောချလိုက်တာ။

ဖိုးရှုပ်။     ။ လျှော့တွက်တဲ့သဘောလား၊ ၉၀ ရွေးကောက်ပွဲတုန်းကလည်း မဆလ က NLD ကို အဲဒီလို လျှော့တွက်ခဲ့လို့ ခံရပြီးပြီနော်၊ မမှတ်သေးဘူးလား။

ချိုကုပ်။     ။ လျှော့မတွက်ပါဘူး။ သူတို့ ရွေးကောက်ပွဲ ဝင်ချင်ဝင်လိမ့်မယ်လို့သာ ခန့်မှန်းတာ။ ဝင်ခွင့်ပေးဖို့ မပေးဖို့ဆိုတာ ကျုပ်အပေါ် မူတည်တယ်လေ။ အနားကပ်မှ အခြေအနေမဟန်ရင် ဒါလည်း မောင်ပြူး အရူးထပြီး အာချောင်ခဲ့တာပါလို့ လုပ်မှာပေါ့။

ရုက္ခစိုး။     ။ ဒါဆို ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ကိစ္စ နည်းနည်းမှ မစဉ်းစားတော့ဘူးပေါ့ ဟုတ်လား။

ချိုကုပ်။     ။ အဲဒီလိုလည်း မဟုတ်ပါဘူးဗျာ၊ ကျုပ်က ဒီလောက်စေတနာတရား ခေါင်းပါးတဲ့သူ မဟုတ်ပါဘူး။

ဖိုးရှုပ်။     ။ ထင်ပါတယ်။ ချိုကုပ်ဒူးကြီး ကြည့်ရတာ တော်တော်လေး စေတနာရှိပုံ ပေါက်ပါတယ်။

ဖိုးရှုပ်စကားကြောင့် ကြွက်စုတ်က “အနှိပ်ခန်း အခမဲ့ပို့ပေးထားတဲ့ မျက်နှာနဲ့ ပြောနေပြန်ပြီ။ သတင်းထောက် ဆိုတာ အဂတိ မလိုက်စားရဘူးကွ” ဟု တွယ်လိုက်သည်ကို “ဟတ်ချိုး” တချက်ထချေလိုက်သော ဖိုးရှုပ် မကြားလိုက်ပေ။

ချိုကုပ်။     ။ ဒေါ်အောင်ဆန်းစုကြည်ကို တကယ်လွှတ်မှာဗျ။ တကယ်ကိုလွှတ်မှာ။ ကျုပ်မညာပါဘူးဗျာ။

ဖိုးရှုပ်။     ။ သာဓုဗျာ သာဓု ...။ ရွေးကောက်ပွဲ မတိုင်ခင်လွှတ်မယ်ဆိုရင်တော့ သာဓု နောက်တခွန်း ထပ်ခေါ်မယ်။

ချိုကုပ်။     ။ ရွေးကောက်ပွဲ မတိုင်ခင် လွှတ်လိုက်လို့ ဒီသူငယ်မက ပေါက်ကရတွေ လျှောက်ပြောရင် ငါ့ရဲ့ Road Map ကြီး ဗရုတ်ဗရက် ဖြစ်သွားမှာ စိုးရသေးတယ်ကွာ ...။

ရုက္ခစိုး။     ။ ဒါဆို ရွေးကောက်ပွဲ မတိုင်ခင် မလွှတ်ဘူး ဆိုတဲ့သဘောပေါ့ ဟုတ်လား။

ချိုကုပ်။     ။ နေဦး၊ နေဦး။ ကဲဗျာ … ခင်ဗျားတို့ ပြောသလို ရွေးကောက်ပွဲ မတိုင်ခင် လွှတ်မယ်။ လွှတ်မယ့်ရက်မတိုင်ခင် တလအလိုမှာ ကြေညာပေးမယ်။ ဟုတ်ပြီလား။

ဖိုးရှုပ်။     ။ ဟာ … တကယ်လား … ဒါဆို နောက်ထပ်တခါ … သာ …..

“သာ” ပြီး မ “ဓု” ရသေးခင် ချိုကုပ်ဒူးကြီး ဖြတ်ပြောလိုက်သော “အဲဒီတလအတွင်း ရေကူးချန်ပီယံ ဝက်ထော ကို ဗီဇာ ပေးလိုက်မယ်” ဆိုသည့် စကားကြောင့် ရည်းစားစကား ပြောထားသည့်ကောင်မလေးက အဖြေပေးမည်ဆိုသည့် နေ့တွင် လင်နောက်လိုက်သွားသလို ဖိုးရှုပ် ဆန့်တငင်ငင် ဖြစ်သွားရတော့သည်။

“ဟတ်ချိုး” “ဟတ်ချိုး” “ဟတ်ချိုး”

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
Comments (8)Add Comment
0
မပူပါနဲ့
written by nana, January 30, 2010
ရေချိုးဖို့ များ ချင်းမိုင် ထိ သွားနေရသေးတယ်... မပူပါနဲ့ အရပ်က ချိုးပေးဖို့ မေတ္တာရပ်ခံ ပေးပါ့မယ်။
0
ခေါင်းစဉ်က မှားနေတယ်
written by ကိုဖိုးချို, January 29, 2010
ခေါင်းစဉ်က မှားနေတယ် ကိုတာတေရေ။ အကြံပိုင်သော ချိုကုပ် မဟုတ်ပါဘူး။ ဥာဏ်နီ ဥာဏ်နက် များသော၊ ယုတ်မာ ကောက်ကျစ်သော ချိုကုပ်ဒူးကြီးလို့ ဖြစ်သင့်တာ။
0
သူ့ အကြံ
written by ပြည်ချစ်သူ, January 29, 2010
အော်...တော်တော်လဲ စကောလောက်မှ ဇောက် မနက်တဲ့ ချိုကုပ်ပါတကား... ပြည်သူတွေ မျှော်လင့်နေတာကို ဒင်းက ရိုက်ချိုးဦးမဲ့ အကြံနဲ့ ပေါ့...
0

written by thura, January 29, 2010
Hi Ko Tar tay

Pls write satire based on Ka Lay Sit Tar issue from Myanmar...I feel very sad when I heard news about the underaged chirdren kipnapped by military and their parents' suffering from misery ..

Rgrds
0
အကြံပေးတာပါ
written by theinzaw, January 28, 2010
ဒီ အစီအစဉ်လေးကို အရမ်း သဘောကျတယ် ဖြစ်နိုင်ရင် ဟိုးအရင်က ဓါတ်ဆီ နဲ့ ဓါတ်ဆံ တို့လိုမျိုး
အသံ အစီအစဉ်လေးနဲ့ နားထောင်ရရင်တော့ အဆင်ပြေပြီး ပို ထိရောက်မယ် ထင်ပါတယ်
0
လိမ်ချက်ကတော့
written by ပုဏ္ဏားဘကွန်း, January 28, 2010
ချင်းမိုင် မှာရေသွားချိုး မယ်တဲ့၊ အမလေး..ကြီးကောင်ကြီးမချည်း ကြမှ တခြားနိုင်ငံမှာ ရေသွားချိုးရတယ်လို့။ အိမ်မှာလည်း ရေ တွေဒီလောက် လျှံ နေဒါ တော် အသိ။ ဒါဘဲနော်..ယတြာ အကြောင်း ပြပြီး ကွိုင့် ကို လိမ် မလို့လား၊ ကွိုင့် ကို လိမ်လို့ကတော့ လှိုင်ဂူထဲမှာ လျှို့ဝှက်ဖွက်ထားတဲ့ ... ..ဗီယာဂရာတွေ အားလုံးကို ဟိုကောင်လေးတွေ ပေး ကြွေး ပစ်လိုက်မယ်။ ဘာမှတ်လဲ။

ကြွေးလိုက် ကြွေးလိုက်၊ ငါ လိမ်စရာ မင်း တယောက်ပဲ ကျန်တော့ တယ်၊ တကမ္ဘာလုံး လိမ်ပြီးပြီ။
0
အကြံပိုင်ေ သာ ချိုကုပ်
written by shyam, January 27, 2010
the best satire ever; smilies/cheesy.gif LOL

တော်သေးတယ်၊ ကျုပ်မြေး ဖိုးလောက်လန်းက တက်စီးမယ် တကဲကဲ လုပ်နေတာ။ ကျုပ်ကနေဦး၊ တယောက် ယောက် အရင်စီးခိုင်း ကြည့်ပြီး ပျက်မကျမှ စီးပါလို့ တောင်းပန်လို က်လို့။ အောင်မလေး … ခုထိ ရင်တုန် တုန်းပဲ။

&&^^

ချိုကုပ်။ ။ အာ … ကျုပ်က ကတိပေးတာမှ မဟုတ်ဘဲ။ မောင်ပြူး အရူးထပြီး လျှောက်ပြောတာပါလို့ ပြောလိုက်မှာပေါ့။
0
မဖြစ်နိုင်တာ.. .ဖြစ်တတ်တယ်....
written by kojj, January 27, 2010
သရော်စာ ဆိုပေမဲ့ နောက်ဆုံး အပိုဒ်လေး ဖတ်ပြီး သတိရတာလေး ရှိတယ်နော်... ဟိုအမေရိကန် ယက်ထောက အခွင့်အရေး ရရင် ထပ်လာအုံးမယ် လို့ေ ပြာသွားတာလေး ပါဘဲ. ...

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်